တောင်ကြီးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် အချို့တွင် 92 ဓါတ်ဆီ ပြတ်လပ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် အချို့တွင် 92 ဓါတ်ဆီ ပြတ်လပ်နေ


တောင်ကြီးမြို့ပေါ်ရှိ စက်သုံးဆီ ရောင်းချသည့် ဆိုင်အချို့တွင် ယနေ့ ဩဂုတ်လ ၆ ရက်၊ နံနက်ပိုင်းမှ စ၍ 92 ဓါတ်ဆီ ပြတ်လပ်နေကာ ရောင်းချနိုင်ခြင်း မရှိတော့သဖြင့် ဆိုင် ပိတ်ထားရကြောင်း သိရသည်။

.

ထို့အတူ စက်သုံးဆီ အရောင်းဆိုင် အချို့သည်လည်း အကန့်အသတ်ဖြင့်သာ ရောင်းချနေကြောင်း သိရသည်။

.

" မနက်က ကားထဲ ဆီ ထည့်ဖို့သွားတော့ ၁၅၀၀၀ ဖိုးပဲထည့်လို့ ရတော့တယ်။ နောက် နှစ်ဆိုင်လောက် ထပ်သွားတော့လည်း 92 ပြတ်နေတယ်ဆိုလို့ မထည့်ရတော့ဘူး။ ပိတ်ထားတဲ့ ဆိုင်တွေလည်း ရှိတယ်။ ဒီပုံအတိုင်းဆို ဆီစျေးတွေ ပြန် တက်လာဦးမလား‌ပဲ။" တောင်ကြီးမြို့ပေါ်နေသူ တစ်ဦးက ပြောသည်။

.

မြို့ပေါ်ရှိ လက်လီရောင်းချသည့်ဆိုင် အချို့တွင် စက်သုံးဆီ ပြတ်လပ်၍ အရောင်း ပိတ်သိမ်းထားသည့်အပြင် မြို့လယ်ရှိ BOC စက်သုံးဆီ အရောင်းဆိုင်ကြီးတွင်လည်း ယနေ့ နေ့လယ်ပိုင်းမှ စ၍ ဓါတ်ဆီ ရောင်းချ ခြင်း မရှိတော့ဘဲ ဒီဇယ် တစ်မျိုးသာ ဝယ်ယူ ရရှိတော့ကြောင်း သိရသည်။

Journal Download

Photo of three cats