တောင်ကြီးတွင် ရက်ပိုင်းအတွင်း 92 Ron စက်သုံးဆီ တစ်လီတာ ၅၀၀ နီးပါး ဈေးတက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် ရက်ပိုင်းအတွင်း 92 Ron စက်သုံးဆီ တစ်လီတာ ၅၀၀ နီးပါး ဈေးတက်

.

တောင်ကြီးမြို့ပေါ်တွင် ယခုရက်ပိုင်းအတွင်း စက်သုံးဆီ ဝယ်ယူရခက်ခဲလာနေပြီး 92 Ron စက်သုံးဆီတစ်လီတာလျှင် ၅၀၀ ကျပ် နီးပါး ဈေးနှုန်းမြင့်တက်သွားကြောင်း သိရသည်။

.

.

လွန်ခဲ့သည့် ၅ ရက်ခန့်မှစ၍ တောင်ကြီးမြို့ပေါ်တွင် စက်သုံးဆီ ဝယ်ယူရန် ခက်ခဲလာနေပြီး ရောင်းချပေးနေသည့် ဆိုင်များတွင်လည်း စျေးနှုန်းများ မြင့်တက်လာနေခြင်း ဖြစ်ကြောင်း သိရသည်။


.

“ဈေးကျသွားတယ်ဆိုပြီး 92 တစ်လီတာကို ၁၇၀၀ ပတ်လည်လောက်ဖြစ်သွားသေးတယ်။ အဲဒါလည်း ရက်ပိုင်း လောက်ပါပဲ။ အခုကျတော့ ပန့်အကြီးတွေမှာတောင် ၂၃၅၀ ပြန်ဖြစ်သွားတာပေါ့။ အကြောင်းပြချက် မျိုးစုံနဲ့ ဆီကို ရောင်းချင်သလို ရောင်းနေကြတာလေ” ဟု ဒေသခံတစ်ဦးကပြောသည်။

.

တောင်ကြီးမြို့ပေါ်ရှိ စက်သုံးဆီဆိုင် အများစုတွင် ဓါတ်ဆီတင်ကား အဝင်နည်းသည့်အတွက် နံနက်ပိုင်းသာ ရောင်းချ ပေးနေပြီး နေ့လယ်ပိုင်းအချိန်များတွင် ပိတ်သိမ်းထားကြောင်းသိရသည်။

.

လက်ကားရောင်းချနေသည့် ဓါတ်ဆီဆိုင်ကြီး များတွင် တစ်ဆင့်ခံပြန်ပေးရန် အခက်အခဲရှိနေသည့်အတွက် မြို့တွင်းရှိ လက်လီဆိုင်များ တွင် 92 Ron တစ်လီတာလျှင် ၃၀၀၀ ကျပ်အထိ ပေးဝယ်နေရကြောင်း ဒေသခံများထံက သိရသည်။

.

Journal Download

Photo of three cats