ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) အား ဖျက်သိမ်းကြောင်း ကြေညာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) အား ဖျက်သိမ်းကြောင်း ကြေညာ

.

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ ရွာငံမြို့နယ်အခြေစိုက် ရွာငံပြည်သူကာကွယ်ရေးတပ်ဖွဲ့ (YPDF) အား ဇွန်လ ၃၀ ရက်မှ စတင်၍ တရားဝင်ဖျက်သိမ်းလိုက်ကြောင်း ယင်းအဖွဲ့က ကြေညာချက်အမှတ် (၈/၂၀၂၂) ဖြင့် ယမန်နေ့ ဇွန်လ ၃၀ ရက်၊ ညပိုင်းက ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

.

.

တပ်ဖွဲ့ဝင်များအနေဖြင့် အခက်အခဲအမျိုးမျိုးကြောင့် ဆက်လက်ရပ်တည်နိုင်ခြင်း မရှိတော့သည့်အတွက် ယခုကဲ့သို့ ဖျက်သိမ်းလိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

အဆိုပါ YPDF အဖွဲ့သည် ပြီးခဲ့သည့် ဇွန်လ ၉ ရက်ကလည်း PDF များသာမက ပြည်သူများပါ အစစအရာရာ ကြပ်တည်းနေသည့် အခြေအနေအရ ၎င်းတို့လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်နိုင်ခြင်း မရှိသေးသဖြင့် ရွာငံ ဒေသကို စွန့်ခွာတော့မည်ဖြစ်ကြောင်းနှင့် စုဖွဲ့မှုအသစ်ဖြင့် ပြန်လာနိုင်ရန် ကြိုးစားသွားမည်ဖြစ်သလို တော်လှန်ရေး တွင် ပုံစံအမျိုးမျိုးဖြင့် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း ကြေညထားခဲ့သည်။

.

ရွာငံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) အား ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်က စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး မဟာမိတ် ပြည်သူ့ကာကွယ်ရေးအင်အားစုများနှင့် ပူးပေါင်း၍ ဓနုဒေသတွင် တော်လှန်ရေးလုပ်ငန်းများ ကို ဆောင်ရွက်ခဲ့သည့် အဖွဲ့တစ်ခုဖြစ်သည်။

.

Journal Download

Photo of three cats