ကရင်နီ (ကယား) ပြည်နယ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေကြောင်း UTF-ABN ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကရင်နီ (ကယား) ပြည်နယ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေကြောင်း UTF-ABN ထုတ်ပြန်

.

ကလောမြို့နယ်၊ အောင်ပန်းမြို့အခြေစိုက် အောင်ပန်း မြို့ပြပြောက်ကျားတပ်စု (UTF-ABN) က ကရင်နီ (ကယား) ပြည်နယ် ရှေ့တန်းတစ်နေရာတွင် စစ်ရေးလေ့ကျင့်မှုများကို ကြိုးစားသင်ယူနေကြောင်း ယမန်နေ့ ဇူလိုင်လ ၁၁ ရက်၊ ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။

.

.

UTF-ABN အနေဖြင့် ပြည်သူလူထုအရှေ့မှ ကွယ်ပျောက်သွားပြီးကတည်းက ကရင်နီ (ကယား) ပြည်နယ် ရှေ့တန်း တစ်နေရာတွင် တိုက်ပွဲဝင်ရဲဘော်များနှင့်အတူ စစ်ရေးလေ့ကျင့်မှုများကို အားသွန်ခွန်စိုက် ကြိုးစားသင်ယူနေခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ခေတ်အဆက်ဆက် ပြည်သူလူထုကို ဖိနှိပ်ထားသော စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရေးမှာ မလွယ်ကူသည့် အတွက် ပြည်သူ့အားလည်း လိုအပ်နေကြောင်း၊ ထို့ကြောင့် ပြည်သူတစ်ရပ်လုံးအနေဖြင့် တတ်နိုင်သည့်ဘက်က ဝိုင်းဝန်း ပါဝင်ကူညီပေးရန် မေတ္တာရပ်ခံကြောင်း UTF-ABN က ဆိုသည်။

.

အောင်ပန်းမြို့ပြပြောက်ကျားတပ်စု (UTF-ABN) ကို ယခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်က စတင်ဖွဲ့စည်းထားခြင်းဖြစ် ကြောင်း သိရသည်။

.


 

Journal Download

Photo of three cats