သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို ပြန်လွှတ်ပေးမည်ဟု စစ်ကောင်စီ ပြောကြောင်း SSPP ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို ပြန်လွှတ်ပေးမည်ဟု စစ်ကောင်စီ ပြောကြောင်း SSPP ထုတ်ပြန်

.

သရုပ်ဆောင် သင်ဇာဝင့်ကျော် ကို ဖမ်းဆီးခြင်းမဟုတ်ဘဲ ခေါ်ယူမေးမြန်းခြင်းသာဖြစ်ပြီး ယနေ့ (ဇူလိုင်လ ၇ ရက်) တွင် ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောဆိုခဲ့သည်ဟု ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) က ထုတ်ပြန်ထားသည်။

.

.

သရုပ်ဆောင် သင်ဇာဝင့်ကျော် သည် SSPP/SSA အုပ်ချုပ်ရာဒေသ ဖွံ့ဖြိုးရေးအတွက် Documentary ရိုက်ကူးပြီး အပြန်လမ်းမှာ ရိုက်ကူးရေးနှင့်သက်ဆိုင်သည့် အကြောင်းများကို ခေါ်ယူစစ်ဆေးမေးမြန်းခြင်းသာဖြစ်ပြီး ယနေ့ ပြန်လွတ်ပေးမည် ဟု အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချူပ် တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် စစ်ကောင်စီ ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချူပ် ဇော်မင်းထွန်းကလည်း သင်ဇာဝင့်ကျော်အား ဖမ်းဆီးထိန်းသိမ်း ထားခြင်း မဟုတ်ဘဲ ခေါ်ယူမေးမြန်းခြင်းသာဖြစ်သည်ဟု ပြောဆိုထားသည်။

.

#KBZTai  #7July2022

.

Link –

Journal Download

Photo of three cats