သင်ဇာဝင့်ကျော် ဝမ်ဟိုင်းတွင် မှတ်တမ်းရုပ်ရှင် ရိုက်ကူးနေကြောင်း SSPP ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သင်ဇာဝင့်ကျော် ဝမ်ဟိုင်းတွင် မှတ်တမ်းရုပ်ရှင် ရိုက်ကူးနေကြောင်း SSPP ထုတ်ပြန်


ဟိုက်ပါ ရေတံခွန်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းဒေသ ဖွံ့ဖြိုးရေး အတွက် မှတ်တမ်းရုပ်ရှင် (Documentary) ရိုက်ကူးရန် သရုပ်ဆောင် သင်ဇာဝင့်ကျော်အား ကမ်းလှမ်း ဖိတ်ကြားခဲ့ကြောင်း SSPP/SSA က ယနေ့ ဇူလိုင်လ ၄ ရက်တွင် ထုတ်ပြန်သည်။

.



အဆိုပါ မှတ်တမ်းရုပ်ရှင်ကို ဇူလိုင်လ ၃ ရက်တွင် စတင် ရိုက်ကူးခဲ့ပြီး ရိုက်ကူးရေး အပြန်တွင် ရိုက်ကူးရေး ဝတ်စုံ (SSA ဝတ်စုံ) ဖြင့်သာ မင်္ဂလာညစာစားပွဲကို အချိန်မီ တက်ရောက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ယင်းကဲ့သို့ ရိုက်ကူးရေး ဝတ်စုံ (SSA ဝတ်စုံ) ဖြင့်သာ မင်္ဂလာညစာစားပွဲသို့ တက်ရောက်မှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်နေလျက် ရှိသည်။

.

သင်ဇာဝင့်ကျော်သည် တခြားမည်သည့် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ရိုက်ကူးခြင်း မဟုတ်ပဲ သာသနာရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရိုက်ကူးရန်အတွက် SSPP/SSA က ကမ်းလှမ်း ရိုက်ကူးနေခြင်းသာ ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

Journal Download

Photo of three cats