SNLD ၏ စာရင်းများကို စစ်ဆေးခဲ့သည်ဟု စစ်ကောင်စီ ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

SNLD ၏ စာရင်းများကို စစ်ဆေးခဲ့သည်ဟု စစ်ကောင်စီ ထုတ်ပြန်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၏ ပါတီဝင် အင်အား၊ ပါတီပိုင် ရန်ပုံငွေနှင့် ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ တို့ကို စစ်ဆေးဆောင်ရွက်ခဲ့သည်ဟု အာဏာသိမ်း စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက  ယနေ့ ဇူလိုင်လ ၅ ရက်တွင် ထုတ်ပြန်ထားသည်။

.

တောင်ကြီးမြို့ရှိ ရှမ်းပြည်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးတွင် ဇွန်လ ၃၀ ရက်မှ  ဇူလိုင်လ ၃ ရက်အထိ စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးနှင့် ဦးမင်းမင်းဦးတို့ ဦးဆောင်ပြီး ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ ဌာနဆိုင်ရာကိုယ်စားလှယ်များ ပါဝင်သည့် စစ်ဆေးရေး အဖွဲ့က စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

အာဏာသိမ်း စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှ စတင်၍ နိုင်ငံရေး ပါတီပေါင်း ၈၅ ပါတီကို စစ်ဆေးခဲ့ပြီး စစ်ဆေးရန် ကျန်ရှိသည့် ၇ ပါတီကို ဆက်လက် စစ်ဆေးနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

အဆိုပါ စစ်ဆေးမှု အခြေအနေနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)က ယခုအချိန်ထိ တစ်စုံတရာ ထုတ်ပြန်ခြင်း မပြုသေးပေ။

.

Journal Download

Photo of three cats