.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ဖယ်ခုံမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ မြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဧည့်ရိပ်သာတို့ကို
ယမန့်နေ့ ဇူလိုင်လ ၁၀ ရက်၊ နေ့လယ်ပိုင်းက RPG ၊ 79 သေနတ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း-၂ က သတင်းထုတ်ပြန်ထားသည်။
.
.အဆိုပါရဲစခန်းနှင့်
ဧည့်ရိပ်သာကို ဇူလိုင်လ ၁၀ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်အချိန်ခန့်က ဖယ်ခုံမြို့ပြည်သူ့
ကာကွယ်ရေးတပ်၊ တပ်ရင်း-၂ မှ ရဲဘော်များက
သတိပေးပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်၌
ဖော်ပြထားသည်။
.
ရဲနှင့်
ထွေအုပ်အပါအဝင် NON-CDM ဝန်ထမ်းများသည်
ယနေ့တိုင် စစ်ကောင်စီကိုသစ္စာခံ၍ ပြည်သူအပေါ် သစ္စာစောင့်သိမှု မရှိသည့်အတွက် သတိပေးပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး
ဝန်ထမ်းအများစုသည် ဖယ်ခုံမြို့တွင် အခြေချနေထိုင်သူများနှင့် ဒေသခံများဖြစ်ကြောင်း
ဖယ်ခုံ PDF တပ်ရင်း-၂ က
အသိပေးထားသည်။
.
မိမိတို့၏ရေမြေတွင်
နေထိုင်ပြီး ဒေသလူထုအကျိုးကို ရှေးရှုရန်နှင့် စစ်ကောင်စီယန္တရားလည်ပတ်မှုကို အထောက်
အကူမပြုရန်၊ စစ်ကောင်စီလက်အောက်မှအမြန်ဆုံးထွက်ခွာကြရန်
ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း-၂ မှ ထပ်မံသတိပေးလိုက်ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
.
[ Source/Photo | Pekhon PDF-2 ]
.