.
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်
(RCSS/SSA) ဌာနချုပ်တည်ရှိရာ
လွိုင်တိုင်းလျန်းတွင် ယနေ့ ဇူလိုင်လ ၁၀ ရက်၊ နံနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး
တောင်ကျရေများ စီးဆင်း လာမှုကြောင့် လူ ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
.
လွိုင်တန်းလျန်းတွင်
ယမန်နေ့ ဇူလိုင်လ ၉ ရက်၊ ည ၉ နာရီမှ ၁၂ နာရီခန့်အထိ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက်
ယနေ့ ဇူလိုင်လ ၁၀ ရက်၊ နံနက် ၂ နာရီအချိန်ခန့်တွင် တောင်ကျရေများ အရှိန်အဟုန်ဖြင့်
စီးဆင်းလာပြီး လွိုင်တိုင်းလျန်း ဆေးပေးခန်းတဝိုက်နှင့် လူနေအိမ်အဆောက်အဦအချို့ ရေထဲမျောပါခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
သေဆုံးသူများမှာ ဆေးဘက်ဆိုင်ရာဝန်ထမ်း
အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၂ ဦးတို့ဖြစ်ပြီး အခြား ကလေးငယ် တစ်ဦး အပါအဝင် အမျိုးသား
၇ ဦး၊ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
ရေတိုက်စားခံရသည့်
နေအိမ်များမှာ လွိုင်တိုင်းလျန်းဆေးပေးခန်း၏ အောက်ဘက် တောင်စောင်းနှင့် ချိုင့်ဝှမ်းများ
အတွင်း တည်ရှိပြီး ကျန်းမာရေးဝန်ထမ်းအများစု နေထိုင်ရာရပ်ကွက်ဖြစ်ကာ အနည်းဆုံး လူနေအိမ်
၇ လုံးခန့် ပျက်စီး သွားခဲ့ကြောင်း သိရသည်။
.
Photo – RCSS
.