တွေ့ဆုံဆွေးနွေးခြင်းကို အဓိကကိုင်စွဲမည်ဟု RCSS ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တွေ့ဆုံဆွေးနွေးခြင်းကို အဓိကကိုင်စွဲမည်ဟု RCSS ထုတ်ပြန်

.

ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမို ကရေစီရေးတို့အတွက် တွေ့ဆုံဆွေးနွေးခြင်းကို အဓိကကိုင်စွဲပြီး နည်းလမ်းရှာ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ၂၀၂၂ ခုနှစ်၊ ၆ လပတ် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်ဟု ယနေ့ ဇူလိုင်လ ၃၁ ရက်တွင် ထုတ်ပြန် ကြေညာထားသည်။

.

.

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အဖွဲ့အစည်းအားလုံးနှင့် လက်တွဲပူးပေါင်း ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

.

ထို့အပြင် နိုင်ငံရေးမတည်ငြိမ်ခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းတို့ကြောငု့် ခိုးဆိုးလုယက် ဓါးပြတိုက်မှုများ များပြားလာသည့်အတွက် မိမိတို့တပ်ဖွဲ့နှင့် ပြည်သူလူထု စုပေါင်းတာဝန်ယူ၍ မိမိတို့ ရပ်ရွာနှင့် မြို့များအး ကာကွယ် ကြရန်လည်း တိုက်တွန်းထားသည်။

.

RCSS ၏ ၆ လပတ် အစည်းအဝေးကို ဌာနချုပ် လွယ်တိုင်းလျန်းတွင် ဇူလိုင်လ ၂၈ ရက်မှ ၃၁ ရက်အထိ ၄ ရက်တာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များနှင့် အကြံပေးအဖွဲ့ဝင် စုစုပေါင်း ၂၃၇ ဦး တက်ရောက် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.



.

Journal Download

Photo of three cats