လဲချားမြို့နယ်တွင် မူးယစ်ဆေးဝါးများတင်ဆောင်လာသောကားကို RCSS က ဖမ်းဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လဲချားမြို့နယ်တွင် မူးယစ်ဆေးဝါးများတင်ဆောင်လာသောကားကို RCSS က ဖမ်းဆီး

.

လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ယမန်နေ့ ဇူလိုင်လ ၂၁ ရက်က မူးယစ်ဆေးဝါး အမြောက်အများ တင်ဆောင် လာသော ကားတစ်စီးကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) မှ ဖမ်းဆီး ရမိခဲ့ပြီး ဖမ်းဆီးမှုအတွင်း နှစ်ဘက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း Tai Freedom သတင်းတွင် ဖော်ပြ ထားသည်။

.

.

RCSS/SSA နယ်မြေခံတပ်ရင်းများသည် ဒေသခံပြည်သူများ၏ သတင်းပေးချက်အရ ယမန်နေ့ ဇူလိုင်လ ၂၂ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် လဲချားမြို့နယ်၊ ဝမ်ဟိုင့်ကျေးရွာအတွင်း နယ်မြေစစ်ဆေးမှုများ ဆောင်ရွက်နေစဉ် ဝမ်ပန် ကျေးရွာမှ မောင်းထွက်လာသည့် မော်တော်ယာဉ်တစ်စီးအား မသင်္ကာ၍ စစ်ဆေးရန် တားဆီးရာ ကားမရပ်ပေးသည့် အပြင် သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့ သောကြောင့် မိနစ်အနည်းငယ် နှစ်ဘက်အပြန်အလည် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

.

ထို့နောက် ရပ်ထားသည့်ကားအား သွားရောက်စစ်ဆေးရာ ကားပေါ်တွင် ဆာလာအိတ်ဖြင့်ထုတ်ထားသည့် အိုက်စ် (မက်သ်အဖက်တမင်း) ၂၁ အိတ်နှင့် စိတ်ကြွရူးသွပ် ဆေးပြား(ယာဘ) ၄ အိတ်တို့အား တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

.

RCSS/SSA သည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပေါ်လစီနှင့်အညီ မူးယစ်ဆေးဝါးနှင့် ပါဝင်ပတ်သက် သူများအား အရေးယူခြင်း၊ အကျင့်စာရိတ္တပြုပြင်မွန်းမံခြင်း၊ ဆေးကုသပေးခြင်းနှင့် မူးယစ်ဆေးဝါးဖြတ်ပေးခြင်း စသည့် မွမ်းမံမှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း RCSS အာဘော် Tai Freedom သတင်းက ဖော်ပြ သည်။

.

Journal Download

Photo of three cats