.
ပအိုဝ်းဒေသအတွင်းရှိ
အရွယ်ရောက်ပြီးသူများအားလုံးကို စစ်ပညာသင်ကြားပေးပြီး လုံခြုံရေးတပ်ဖွဲ့ ဖွဲ့စည်းမည်
ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) က ယနေ့ ဇူလိုင်လ ၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
အထူးဒေသ (၆) ၏ နယ်မြေတည်ငြိမ်အေးချမ်းရေး၊
လုံခြုံရေး၊ ပအိုဝ်းအမျိုးသားများနှင့် အတူနေတိုင်းရင်းသားများ၏ အသက်အိုးအိမ်စည်းစိမ်များအပေါ်
အန္တရာယ်ကျရောက်လာနိုင်သဖြင့် ထိုအန္တရာယ်မျာားကို ကာကွယ်နိုင်ရန် ယခုကဲ့သို့ ဖွဲ့စည်းခြင်းဖြစ်ကြောင်း
PNO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
သို့သော်လက်ရှိတွင်
စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည်
ကရင်နီပြည်ဖက်သို့ စစ်ကောင်စီတပ်နှင့်အတူ ကျူးကျော်ဝင်ရောက်ကာ ပြည်သူများ၏
ဥစ္စာပစ္စည်းများအား လုယက်ယူငင်နေသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။
.
ထို့ကြောင့်
ပအိုဝ်းဒေသအတွင်းရှိ အသက် ၁၈ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူများအားလုံးအား
စုဆောင်းကာ အခြေခံစစ်ပညာသင်တန်းကို တက်ရောက်စေပြီးနောက် တပ်ဖွဲ့သစ်များအဖြစ် ဖွဲ့စည်းမည်ဖြစ်ကြောင်း
သိရသည်။
.
စစ်သင်တန်းပေးပြီး
တပ်ဖွဲ့ဖွဲ့စည်းမည် ဆိုသည်မှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သာဖြစ်ကြောင်း၊ လူငယ်များကို
စစ်ကောင်စီလက်အောက်ခံအဖြစ် အသေခံခိုင်းခြင်းသာဖြစ်ကြောင်း ပအိုဝ်းလူငယ်တစ်ဦးက ပြောဆို
ခဲ့သည်။
.
ထို့အပြင်
စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည်
စစ်တပ်က အစဉ်အဆက် ထုတ်ပြန်ထားသည့် တို့တာဝန်အရေးသုံးကို လက်ခံကျင့်သုံးသည်ဟုလည်း
ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
.
PNO သည် ၁၉၉၁
ခုနှစ်တွင် စစ်တပ်နှင့် ငြိမ်းချမ်းရေး ယူပြီးနောက် ၂၀၀၉ ခုနှစ်တွင်
စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
.