.
ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့
(PNDF) သည် ယမန်နေ့ ဇူလိုင်လ
၂၉ ရက်က ဒေသခံလူထုများနှင့် တွေ့ဆုံ ခဲ့ပြီး PNDF အဖွဲ့အစည်းအကြောင်းနှင့်
ပြည်သူလူထု သိရှိလိုသော မေးမြန်းမှုများကို ပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရသည်။
.
.
ထိုသို့ တွေ့ဆုံရာတွင်
လူထုနှင့်အတူ ပအိုဝ်းအမျိုးသားအလံတော်၊ ဖက်ဒရယ်ပြည်ထောင်စုအလံတော်နှင့် တပ်ဖွဲ့ အလံတော်များကို
တညီတညွတ်တည်း အလေးပြုကာ လူထုတွေ့ဆုံပွဲကို စတင်ခဲ့ကြောင်း သိရသည်။
.
ထို့နောက် တပ်ဖွဲ့၏
ရှေ့လုပ်ငန်းစဉ်များ၊ ဒေသခံပြည်သူလူထု၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်
အခြားသော ကိစ္စရပ်များကို အပြန်အလှန် ရင်းနှီးနွေးထွေးစွာ မေးမြန်းဖလှယ်ခဲ့ကြောင်း
PNDF က ထုတ်ပြန်ထားသည်။
.
ပြည်သူလူထု၏ အိုးအိမ်၊
စည်းစိမ်နှင့် လုံခြုံရေးကို ထိပါးနှောင့်ယှက်သည့် အဖွဲ့အစည်းများကို ကာကွယ်တွန်းလှန်
တိုက်ခိုက်ရန်အတွက် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PNDF) ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မေလအတွင်းက
စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
.