ဖယ်ခုံ PDF တပ်ရင်း(၂) လူထုသစ္စာအဓိဌာန်ပြုပွဲ ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဖယ်ခုံ PDF တပ်ရင်း(၂) လူထုသစ္စာအဓိဌာန်ပြုပွဲ ပြုလုပ်

ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၂) သည် ယနေ့ ဇူလိုင်လ ၃၁ ရက်၊ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် လူထုသစ္စာအဓိဌာန်ပြုပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

.


" နိုင်ငံ အနှံ့အပြားရှိ ပြည်သူလူထု တစ်ရပ်လုံးနှင့်အတူ တော်လှန်ရေးတွင် မြင့်မြတ်စွာ ပေးဆပ်ခဲ့ကြသူများ၏ ဝိဉာဉ်တို့ကို တိုင်တည်၍ သစ္စာအဓိဋ္ဌာန်တို့ကို ရွတ်ဆို သစ္စာ အဓိဋ္ဌာန်ပြုအပ်ပါသည်။ " ဟု ဖယ်ခုံ PDF တပ်ရင်း(၂)က ထုတ်ပြန်သည်။

.

နိုင်ငံတစ်ဝှမ်း၌ ယနေ့ ပြုလုပ်သည့် လူထုသစ္စာအဓိဌာန်မှာ "ကျွန်ုပ်တို့သည် တော်လှန်ရေးတွင် မြင့်မြတ်စွာ ရင်းနှီးပေးဆပ်ခဲ့ကြသူ အပေါင်းတို့၏ ကျေးဇူးဂုဏ်ကို ဦးညွှတ်အလေးပြုပါသည်" ၊ "ကျွန်ုပ်တို့သည် တော်လှန်ရေးပန်းတိုင် ရောက်သည်အထိ ဆက်လက် ချီတက်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုပါသည်" ၊ " တရားမျှတ လွတ်လပ်ခြင်းနှင့် တန်းတူညီမျှခြင်း တို့သည် ဤမြေ၌ တည်ပါစေသတည်း" ဟူ၍ ဖြစ်သည်။

Journal Download

Photo of three cats