ရွာငံမြို့နယ်၊ နန်းခုံကျေးရွာတွင် PDF များ အား သွင်းသည်ဟု ဆိုကာ စစ်ကောင်စီတပ်က ယမန်နေ့ ဇူလိုင်လ ၂၆ ရက်တွင် လျှပ်စစ်ဓါတ်အား ဖြတ်တောက်ခဲ့သည်ဟု သိရသည်။
.
" အနောက်ဖက် တောထဲမှာ PDF တွေ ရှိပြီး ဖုန်းတွေ ၊ Power bank တွေ လာ (အား) သွင်းနေတယ်လို့ သတင်းရတယ်ဆိုပြီး လာဖြတ်သွားတာပါ။ " ဟု ဒေသခံ တစ်ဦးက ပြောသည်။
.
စစ်ကောင်စီတပ်များသည် နန်းခုံကျေးရွာသို့ စစ်ကား ၄ စီးဖြင့် ဝင်ရောက်လာပြီး ရွာ ဝင်/ထွက်လမ်းများကို ကင်းချပြီးနောက် လျှပ်စစ်ဓါတ်အား ဖြတ်တောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
နန်းခုံကျေးရွာတွင် PDF များ အား လာရောက်သွင်းခြင်းမျိုး မရှိခဲ့ကြောင်းနှင့် အနောက်ဖက် တောထဲတွင် နေထိုင်ခြင်း ရှိ/မရှိကိုလည်း မသိရှိကြောင်း ဒေသခံများထံမှ သိရသည်။