.
ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲကျေးရွာအရှေ့ဘက်ရှိ
တောင်ကြောပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီ၏ တပ်စခန်းကို ယမန်နေ့ ဇူလိုင်လ ၁၃ ရက်၊
နေ့လယ်ပိုင်းက ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း (၂) မှ အလစ် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း
သိရသည်။
.
.တိုက်ခိုက်မှုအတွင်း
စစ်ကောင်စီတပ်မှ အနည်းဆုံး ၅ ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုများလည်း ရှိခဲ့ကြောင်း
သိရသည်။
.
တိုက်ပွဲအတွင်း ဖယ်ခုံမြို့ရှိ
စကခ (၇) မှ လက်နက်ကြီး ပစ်ကူများဖြင့် ပစ်ခတ်ခဲ့သော်လည်း ထိခိုက်မှုမရှိဘဲ ပြန်လည်
ဆုတ်ခွာနိုင်ခဲ့ကြောင်း Pekhon PDF-2 က သတင်းထုတ်ပြန်ထားသည်။
.
ထို့အတူ လွယ်မကူးတောင်ပေါ်တွင်
တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်မှ
ပြန်လည်ပစ်ခတ်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.