ဒီးမော့ဆို မြို့နယ်အတွင်း ကျောင်းပေါင်း ၃၀၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ကြောင်း ဒီးမော့ဆို PDF ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒီးမော့ဆို မြို့နယ်အတွင်း ကျောင်းပေါင်း ၃၀၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ကြောင်း ဒီးမော့ဆို PDF ထုတ်ပြန်

.

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ကျောင်းပေါင်း ၃၀၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ဇူလိုင်လ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။

.

.

ဒီးမော့ဆိုမြို့နယ်၊ စစ်မြေပြင်နေရာရှိ အထက်တန်းကျောင်း တစ်ကျောင်းတွင် ပြည်သူပိုင်ဖြစ်သော ကျောင်းသုံး ဖတ်စာအုပ်နှင့် ဗလာစာအုပ် အများအပြားကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-LPDF) နှင့် ဒီးမော့ဆို ကျောင်းသားများသမဂ္ဂတို့က ယမန်နေ့ ဇူလိုင်လ ၁၂ ရက်တွင် သွားရောက်ထုတ်ယူခဲ့ကြောင်း သိရသည်။

.

အဆိုပါ ကျောင်းသုံးစာအုပ်များကို ​ကျောင်း​ပေါင်း ၁၂ ကျောင်းသို့ ဖြန့်​ဝေ​ပေးခဲ့ပြီး ကျန်ရှိသည့် စာအုပ်အများအပြားကို ​ကျောင်းသားသမဂ္ဂထံ အပ်နှံထားကာ လိုအပ်သည့်​ကျောင်းသို့ ဆက်လက်ဖြန့်​ဝေသွားမည်ဖြစ်ကြောင်း DMO-LPDF က ထုတ်ပြန်ထားသည်။

.

ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီမှ ဖွင့်လှစ်နိုင်သည့် ကျောင်းပေါင်းမှာ မြို့ပေါ် ၁၀ ကျောင်းသာရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဖွင့်လှစ်ထားသည့် ကျောင်းအရေအတွက်ထက် နည်းပါးနေကြောင်းနှင့်  ဒီးမော့ဆိုမြို့နယ်တွင်  စစ်​​ကောင်စီ၏ မည်သည့်ကျောင်းမျှ ဖွင့်လှစ်နိုင်ခြင်း မရှိကြောင်း သိရသည်။

.

 ဒီး​မော့ဆိုမြို့နယ်တွင် အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)၊ ပညာ​ရေးဝန်ကြီးဌာန လမ်းညွှန်မှု​​အောက်ရှိ ​ကျောင်းပေါင်း ၃၀၀ ​ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီး အထက်တန်းအဆင့်ကျောင်းပေါင်း ၂၀ ​ကျော်၊ Volunteer ဆရာ/ မ​ ပေါင်း ၂၀၀၀ ​ကျော်နှင့် ​ကျောင်းသူ/ သား​ပေါင်း ၄၀၀၀၀ ​ကျော်ကို သင်ကြား​ပေးနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ် ၏ ထုတ်ပြန်ချက်အရ သိရသည်။

.

Photo: DMO-LPDF

.

#KBZTai #13July2022

.

Link –

.

Journal Download

Photo of three cats