ဖယ်ခုံမြို့နယ် အတွင်း၌ စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းများ ရှိသဖြင့် ပြည်သူများ အသွားအလာ သတိပြုရန် ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က သတိပေးထားသည်။
.
" ရန်သူ စကစ ထောင်ထားသော မှိုင်းများရှိသဖြင့် မိဘပြည်သူများ သွားလာ သတိပြုကြပါ။" ဟု ဖယ်ခုံ PDF က သတိပေးထားခြင်း ဖြစ်သည်။
.
ဖယ်ခုံမြို့နယ်၊ ခေါင်းအိရွာသစ် အရှေ့ဖက် ဘုရားကုန်းနှင့် တောင်ကုန်းတလျှောက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး၍ မိုင်း အမြောက်အများထောင်ထားသဖြင့် ဖယ်ခုံ PDF မှ ဇူလိုင်လ ၇ ရက်တွင် မိုင်းအချို့ကို ရှင်းလင်ခဲ့သော်လည်း များစွာ ကျန်ရှိနေနိုင်သေးကြောင်း သိရသည်။