အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှ လမ်းညွှန်မှု အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF)က တပ်ရင်း(K)ကို ဇူလိုင်လ ၆ ရက်တွင် တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။
.
“တပ်ရင်း(K)သည် အဓိဌာန်(၄) ချက်နှင့်အညီ
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို အဆုံးထိတိုက်ပွဲဝင်သွားမည်ဖြစ်ပြီး အခြားတော်လှန်ရေးတပ်ဖွဲ့နှင့်အတူ
ညီညွတ်စွာ လက်တွဲသွားမည်ဖြစ်သည်။”ဟု ဒီးမော့ဆို PDF က ထုတ်ပြန်ထားသည်။
.
ဒီးမော့ဆိုမြို့နယ်ရှိ လူငယ်အများစုမှာ
စစ်အာဏာရှင် တော်လှန်ခြင်းသည် ခက်ခဲကြမ်းတမ်းသည်ကို နားလည်ထားသော်လည်း မတရားမှုအား
ခုခံတော်လှန်ရာတွင် စိတ်အား ထက်သန်မှုကြောင့် တော်လှန်ရေးတပ်သား များစွာ ထွက်ပေါ်လာခဲ့ရာ
တပ်ရင်းသစ်အတွက် လိုအပ်ချက်များကို ဝိုင်းဝန်း ကူညီထောက်ပံ့ရန်ကိုလည်း ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
.