.
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ရွာငံမြို့နယ်အခြေစိုက် ရွာငံမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) အနေ ဖြင့် အထူး ကွန်မန်ဒိုပြောက်ကျားတပ်ဖွဲ့
ဖွဲ့စည်းကာ ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF) ၏ အထူး ပြောက်ကျား တပ်ဖွဲ့အနေဖြင့်
လှုပ်ရှားလျက်ရှိကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။
.
.
JPGF နှင့် YPDF
သည် စတင်ဖွဲ့စည်းထားသောအချိန်မှစ၍
တစ်ဖွဲ့တည်း အတူတူပင်ဖြစ်ပြီး ၎င်းတို့တပ်ဖွဲ့သည် YPDF အနေဖြင့် လှုပ်ရှား၍မရသော အခြားဒေသများတွင် JPGF
အမည်ဖြင့်
လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း ယင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
.
ရွာငံမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည်
ဒေသကိုစွန့်ခွာတော့မည်ဖြစ်ကြောင်းနှင့် တော်လှန်ရေးတွင် ပုံစံအမျိုးမျိုးဖြင့် ဆက်လက်တည်ရှိနေပြီး
စုဖွဲ့မှုအသစ်ဖြင့် ပြန်လာမည်ဟု ကတိသစ္စာပြုကြောင်း ဇွန်လကုန်က အသိပေးထုတ်ပြန်ထား သည်။
.
ယခုအခါ မိမိတို့ YPDF
သည် ရှမ်းတောင်အခြေစိုက်
ချိုးဖြူပြောက်ကျားတပ်ဖွဲ့(JPGF)အသွင်ဖြင့် လှုပ်ရှားနေခြင်း ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်၌ ပါရှိသည်။
.
အလားတူ
စုဖွဲ့မှု့အသစ်ဖြင့် ပြန်လာမည်ဆိုသည်မှာ YPDF သည် အထူးကွန်မန်ဒိုပြောက်ကျားတပ်ဖွဲ့ ဖွဲ့စည်းကာ JPGF
၏ အထူးပြောက်ကျားတပ်ဖွဲ့အနေဖြင့်
ဖွဲ့စည်းနေပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
.