ရှမ်းတောင်မှ PDF များ ပါဝင်သည့် Force-36 Ranger ၏ လေ့ကျင့်ရေး မှတ်တမ်းများ ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းတောင်မှ PDF များ ပါဝင်သည့် Force-36 Ranger ၏ လေ့ကျင့်ရေး မှတ်တမ်းများ ထုတ်ပြန်

ရှမ်းပြည်နယ်‌တောင်ပိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပါဝင် ဖွဲ့စည်းထားသည့် Force-36 Ranger ၏ လေ့ကျင့်ရေး မှတ်တမ်းများကို ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

.



" စစ်အာဏာရှင်စနစ် အမြစ်ပြတ် တော်လှန်တိုက်ခိုက်​ရေးအတွက် စိတ်အားထက်သန်သော ရဲ‌ဘော်လူငယ်သစ်များအား အခြေခံစစ်ပညာသင်တန်း၊ မွမ်းမံအဆင့်သင်တန်း နှင့် Drone သင်တန်း အစရှိသည်တို့ကို ပြန်လည် ပို့ချပေးခဲ့ပါသည်။ " ဟု Force-36 Ranger က ယမန်နေ့ ဇူလိုင်လ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

အဆိုပါ မှတ်တမ်းရုပ်သံမှာ ဇူလိုင်လ ၁၈ ရက်တွင်အောင်မြင်စွာ သင်​ကြားပြီး‌မြောက်ခဲ့သော မှတ်တမ်းပုံရိပ်အချို့ ဖြစ်ကြောင်း သိရသည်။

.

Force-36 Ranger အဖွဲ့ကို SSPDF ၆ မြို့နယ် ပကဖတွင် ပါဝင်‌သော ၂ မြို့နယ်မှ ရဲဘော်အချို့ဖြင့် ပြန်လည် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။

.

Link – https://youtu.be/A4a6lzaHruE

Journal Download

Photo of three cats