NUG အစိုးရ အရေးပေါ်အစည်းအဝေး ပြုလုပ်၊ နည်းလမ်းပေါင်းစုံ သုံး၍ တော်လှန်ရေး အရှိန် မြှင့်တင်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

NUG အစိုးရ အရေးပေါ်အစည်းအဝေး ပြုလုပ်၊ နည်းလမ်းပေါင်းစုံ သုံး၍ တော်လှန်ရေး အရှိန် မြှင့်တင်မည်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ပုံမှန် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းဝေးအား ရပ်နား၍ ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ ၊ ဒုဝန်ကြီးများနှင့် အတွင်းဝန်များ ပါဝင်သည့် အရေးပေါ်အစည်းအဝေးကို ယနေ့ ဇူလိုင်လ ၂၆ ရက်၊ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင် ဦးကျော်မင်းယု(ခ) ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ ၄ ဦးကို စစ်ကောင်စီက ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးခဲ့ပြီဟု ထုတ်ပြန်ကြေညာ အတည်ပြုချက်ပေးခဲ့ပြီးနောက် ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် နိုင်ငံခေါင်းဆောင်များနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ အားလုံး၏ အသက်အန္တရာယ် စိုးရိမ်ဖွယ် ရှိနေသော အခြေအနေနှင့် ပတ်သက်ပြီး စုစည်းညီညွတ်စွာဖြင့် စနစ်တကျ တုံ့ပြန်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးပြောဆိုခဲ့ကြသည်ဟု NUG က ထုတ်ပြန်သည်။

.

“ ကြေညာချက်တွေ၊ အစည်းအဝေးတွေရဲ့ နောက်မှာ တိကျခိုင်မာတဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ အသေအချာကို တွဲပါလာမှာ ဖြစ်တယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

.

ပြည်သူလူထုအား နည်းမျိုးစုံဖြင့် ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ရုံသာမကဘဲ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ တော်လှန်ရေးခေါင်းဆောင်များကို သွေးအေးစွာ သတ်ဖြတ်ပြခဲ့တဲ့ စစ်ခေါင်းဆောင် နှင့် အပေါင်းအပါ တစ်စုတို့အား တရားဥပဒေအရ ထိုက်တန်သော ပြစ်ဒဏ်များ ချမှတ်နိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ နှင့် မိတ်ဖက်မဟာမိတ် အင်အားစုများအားလုံး ပူးပေါင်းကာ နိုင်ငံရေးနည်းလမ်း၊ သံတမန်နည်းလမ်း၊ စစ်ရေးနည်းလမ်း စသည့် နည်းလမ်းပေါင်းစုံသုံး၍ တော်လှန်ရေး အရှိန်အဟုန်ကို မြှင့်တင်သွားနိုင်ရန် အထူး အလေးပေးဆွေးနွေးခဲ့ကြသည်ဟုလည်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

Journal Download

Photo of three cats