.
ဦးဖြိုးဇေယျာသော်၊
ဦးကျော်မင်းယု (ခ) ဦးဂျင်မီ အပါအဝင် ၄ ဦးကို သေဒဏ်စီရင်ခြင်းအပေါ် လုံးဝခွင့်လွှတ်
နိုင်စရာ မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး
ဦးမိုးဇော်ဦးက ပြောဆိုခဲ့သည်။
.
.၎င်းတို့ ၄ ဦးကို
ပြစ်ဒဏ် စီရင် ဆောင်ရွက် ပြီးကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရပြီး ပြည်သူများ
ချစ်ခင်လေးစားသော နိုင်ငံရေးအကျဉ်းသားများကို ယခုကဲ့သို့ အကြမ်းဖက် သတ်ဖြတ်ခြင်းသည်
လုံးဝ ခွင့်လွှတ်နိုင် စရာ မရှိကြောင်း၊ ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်ကြောင်း၊ စစ်ခေါင်းဆောင်များအနေဖြင့်
ယခု ကျူးလွန်မှု များအတွက် အခြားသော ဆိုးရွားသည့် ရာဇဝတ်မှုများနည်းတူ တာဝန်ခံရမည်ဖြစ်ကြောင်း
ဦးဇော်မိုးဦးက ပြောသည်။
.
အာဏာသိမ်း
စစ်ကောင်စီ၏ သေဒဏ် ပြစ်ဒဏ် ချမှတ်ခံထားရသော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် ၄
ဦးကို ပြစ်ဒဏ်စီရင် ပြီးကြောင်း ယနေ့ ဇူလိုင်လ ၂၅ ရက်ထုတ် စစ်ကောင်စီအာဘော်
သတင်းစာတွင် ထုတ်ပြန် ဖော်ပြထားသည်။
.
အဆိုပါ အခြေအနေနှင့်
ပတ်သက်၍ ၎င်းတို့၏ မိသားစုဝင်များက အင်းစိန်ထောင်တွင် သွားရောက်တွေ့ဆုံ မေးမြန်း နေဆဲ
ဖြစ်ပြီး ထောင်အာဏာပိုင်များဘက်မှ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။
.
#KBZTai #25July2022
.
Link –
.