.
အမျိုးသားညီညွတ်ရေးအစိုးရ၊
လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဌာနက
လူသားချင်းစာနာထောက်ထားရေးအတွက် ထောက်ပံ့ကူညီမှုအဖြစ်နဲ့ ကျပ်ငွေ ၂၂၃ ဒသမ ၆၄ သန်း ကို
ဇူလိုင်လအတွင်း အသုံးပြုခဲ့ကြောင်း သိရသည်။
.
.အဆိုပါရန်ပုံငွေဖြင့်
ကူညီထောက်ပံမှုများ ပြုလုပ်ရာတွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့်
ထွက်ပြေးခိုလှုံနေကြသည့် ပြည်သူများ၊ တော်လှန်ရေးတွင် ပါဝင်ရင်း ထိခိုက်ဒဏ်ရာရရှိသူများနှင့်
အသက်ဆုံးရှုံးခဲ့ရ သူများ၏ မိသားစုဝင်များ၊ အကူအညီလိုအပ်နေသော မသန်စွမ်းများအပါအဝင်
ထိခိုက်လွယ်အုပ်စုများ၊ အကြောင်း အမျိုးမျိုးကြောင့် လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသူများကို
ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထောက်ပံ့ရာတွင်လည်း
မိတ်ဖက်အသီးသီးနှင့် လက်တွဲချိတ်ဆက်၍ အတတ်နိုင်ဆုံး မြေပြင်အထိရောက်အောင် ပံ့ပိုး ကူညီပေးခဲ့ပြီး
စစ်ကောင်စီတပ်၏ အတားအဆီးအမျိုးမျိုးကြားမှ ဘေးဒုက္ခ ခံစားနေရသော ပြည်သူများလက်ဝယ် ရောက်ရှိအောင်
စီစဉ်ဆောင်ရွက်ပေးခဲ့ကြသော မိတ်ဖက်အဖွဲ့များ၊ ကိုယ်စားလှယ်များ၊ စေတနာ့ဝန်ထမ်းများကို
ကျေးဇူးတင်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
.