.
အမျိုးသားညီညွတ်ရေးအစိုးရ၊
ယာယီသမ္မတ ဒူဝါလရှီးလနှင့် မွန်ဂိုလီးယားသမ္မတဟောင်း H.E. Tsakhiagiin
Elbegdorj တို့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံခဲ့ကြကြောင်း
သိရသည်။
.
.ထိုသို့ တွေ့ဆုံရာတွင်
ယာယီသမ္မတ ဒူဝါလရှီးလက မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို ပြောကြားခဲ့ပြီး ငြိမ်းချမ်းသည့်
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရန် ပြည်သူလူထု၏ ကြိုးပမ်းအားထုတ်မှုများ ရှင်းလင်း
ဆွေးနွေးခဲ့ကြောင်း သိရသည်။
.
ထို့နောက် မွန်ဂိုလီးယားသမ္မတဟောင်း
H.E. Tsakhiagiin Elbegdorj က
ကတိကဝတ်ပြုမှု၊ လွတ်လပ်ရေးနှင့် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့်
မြန်မာပြည်သူများအတွက် စဉ်ဆက်မပြတ် ထောက်ခံအားပေးနေမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု
သိရသည်။
.
သမ္မတဟောင်း Elbegdorj
သည် မွန်ဂိုလီးယား နိုင်ငံ၏ သမ္မတ
တာဝန်ထမ်းဆောင်ပြီးနောက် ကမ္ဘာတစ်ဝှမ်းရှိ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေ
မြှင့်တင်ရန်အတွက် Club de Madrid၊ International Democrat Union ကဲ့သို့သော အဖွဲ့အစည်းများတွင် နိုင်ငံ့ခေါင်းဆောင်ဟောင်းများနှင့်အတူ တက်ကြွစွာ
ပူးပေါင်းလုပ်ဆောင်နေသူ တစ်ဦး ဖြစ်ပြီး မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများ၏ ကာလရှည်ကြာ
မိတ်ဆွေကောင်းတစ်ဦးဖြစ်ကာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အခိုင်အမာ
ထောက်ခံသူတစ်ဦးလည်း ဖြစ်သည်။
.