.
အခြေခံပညာ ပြီးမေမြာက်ကြောင်း
စစ်ဆေးအကဲဖြတ်ခြင်း စာမေးပွဲများကို ၂၀၂၃ ခုနှစ်အတွင်း ၂ ကြိမ် ကျင်းပ ပေးသွားမည်ဖြစ်ကြောင်း
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ယမန်နေ့ ဇူလိုင်လ ၉ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
.
.အဆိုပါ စာမေးပွဲကို
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်တွင် အသက် ၁၇ နှစ်ပြည့်ပြီး အခြေခံပညာ နဝမတန်း (စနစ်ဟောင်း)
တက်ရောက်ဖူးသူများ ဝင်ရောက်ဖြေဆိုနိုင်မည်ဖြစ်ပြီး စစ်ဆေးအကဲဖြတ်ခြင်းကို အင်တာနက်
ရရှိသည့်နေရာများတွင် အွန်လိုင်းမှ ဖြေဆိုခြင်း၊ အင်တာနက်အခက်အခဲမရှိသော နေရာဒေသများတွင်
အင်တာနက် မလိုသောနည်းပညာ (Offline
Assessment Application) ဖြင့် ဖြေဆိုခြင်း၊ နယ်မြေစိုးမိုးမှုရရှိပြီး
လုံခြုံရေး အာမခံချက် ရှိသော ဒေသများတွင် မြေပြင် ဖြေဆိုစေခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
.
ယင်း အခြေခံပညာပြီးမြောက်ကြောင်း
စစ်ဆေးအကဲဖြတ်ခြင်းသည် ယခင် ဒသမတန်း (စနစ်ဟောင်းသင်ရိုး ညွှန်းတမ်း) ကို အခြေခံမည်ဖြစ်သော်လည်း
အလွတ်ကျက်မှတ်မှုကိုအားပေးသည့် မေးခွန်းများ အစား ကျောင်းသား/ ကျောင်းသူများ၏
ဘာသာရပ်ဆိုင်ရာ သိရှိနားလည်သဘောပေါက်မှု၊ ခွဲခြမ်းစိတ်ဖြာသုံးသပ်၍ အသုံးချနိုင်မှု၊
လက်တွေ့ဘဝနှင့် ဆက်စပ်ပြီး ပြဿနာများကို တီထွင်ဖန်တီးဖြေရှင်းနိုင်မှုတို့ကို
စစ်ဆေးအကဲဖြတ်သွားမည် ဖြစ်ကြောင်း NUG ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
စစ်ဆေးအကဲဖြတ်မှုများကို
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် ဩဂုတ်လတို့တွင် နှစ်ကြိမ် ကျင်းပသွားမည်ဖြစ်ပြီး ပထမအကြိမ်တွင်
ပါဝင်ဖြေဆိုရန် အခက်အခဲရှိသူများအနေဖြင့် ဒုတိယအကြိမ်တွင် ပါဝင်ဖြေဆိုနိုင်မည်ဖြစ်ကာ
စစ်ဆေးအကဲဖြတ်မှုရလဒ်များကို ထုတ်ပြန်ရာတွင် ဘာသာရပ်တစ်ခု ကျရှုံးရုံဖြင့် ဘာသာအားလုံး
ပြန်လည်ဖြေဆို စေသောစနစ်ကို ကျင့်သုံးမည်မဟုတ်ဘဲ လိုအပ်သော ဘာသာရပ်များကိုသာ ထပ်မံဖြေဆိုရမည်ဖြစ်ကြောင်း
သိရသည်။
.
ပညာရေးဝန်ကြီးဌာနအနေဖြင့်
အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းနှင့် စပ်လျဉ်း၍ ကျောင်းသား/ကျောင်းသူများ၊
ဆရာဆရာမများ၊ မိဘပြည်သူများ သိရှိထားရမည့် အချက် အလက်များကို အချိန်မီ
ဆက်လက်ထုတ်ပြန်ပေးသွားမည် ဖြစ်ပြီး ကျောင်းသားကျောင်းသူများအနေဖြင့် ဒသမတန်း
(စနစ်ဟောင်း) သင်ခန်းစာများကို ကြိုတင်လေ့လာထားကြပါရန် NUG ပညာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။
.
ထို့အပြင် တော်လှန်ရေးတွင်
ပါဝင်နေသူများ၊ မသန်စွမ်းသူများ၊ စစ်ဘေးသင့် ပြည်သူများအတွက် သင့်လျော်မည့် ကြားကာလ
သို့မဟုတ် တော်လှန်ရေးလွန်ကာလတွင် အထူးပညာသင်ကြားရေးနှင့် စစ်ဆေးအကဲဖြတ်
အသိအမှတ်ပြုရေး အစီအစဉ်များကို သီးသန့် အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းလည်း
သိရသည်။
.
#KBZTai #10July2022
.
Link –
.