စစ်ဆင်ရေးအသုံးစရိတ်ကို ရရှိရန်ပုံငွေ၏ ၆၀ ရာခိုင်နှုန်းကျော် အသုံးပြုထား ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ဆင်ရေးအသုံးစရိတ်ကို ရရှိရန်ပုံငွေ၏ ၆၀ ရာခိုင်နှုန်းကျော် အသုံးပြုထား ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

.

လက်နက်ခဲယမ်းနှင့် စစ်ရေးအသုံးစရိတ်ကို ရရှိရန်ပုံငွေ၏ ၆၀ ရာခိုင်နှုန်းကျော် အသုံးပြုထားသည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ဇူလိုင်လ ၉ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

.

.

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ်၊ မေလအထိ နေရာဒေသအသီးသီးမှ မိဘပြည်သူများ၏ တိုက်ရိုက် ထောက်ပံ့လှူဒါန်းငွေနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ဘဏ္ဍာငွေများမှ စုစုပေါင်း အမေရိကန်‌ဒေါ်လာ ၄၄ သန်း ရရှိထားပြီး ယင်းရန်ပုံငွေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ခွဲဝေထောက်ပံ့သုံးစွဲခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

.

အဆိုပါရန်ပုံငွေများအနက် ၅ ဒသမ ၉၈ ရာခိုင်နှုန်းကို လေ့ကျင့်ရေးစရိတ်အတွက်လည်းကောင်း၊ ၆၂ ဒသမ ၅၇ ရာခိုင်နှုန်းကို လက်နက်ခဲယမ်းနှင့် စစ်ဆင်ရေးအသုံးစရိတ်အတွက် လည်းကောင်း၊ ၂၂ ဒသမ ၄၉ ရာခိုင်နှုန်းကို လက်နက်ထုတ်လုပ်မှုအတွက်လည်းကောင်း၊ ၆ ဒသမ ၀၃ ရာခိုင်နှုန်းကို မဟာမိတ်မျှဝေမှုအတွက် လည်းကောင်း၊ ၀ ဒသမ ၅ ရာခိုင်နှုန်းကို ကျဆုံး၊ ဒဏ်ရာရရဲဘော် ထောက်ပံ့စရိတ်အဖြစ်လည်းကောင်း၊ ၂ ဒသမ ၄၃ ရာခိုင်နှုန်းကို အရေးပေါ်အသုံးစရိတ်နှင့် စီမံခန့်ခွဲမှုဆိုင်ရာ အသုံးစရိတ်အတွက်လည်းကောင်း သုံးစွဲခဲ့ကြောင်း သိရသည်။

.

ယင်းငွေပမာဏသည် ရန်ပုံငွေလိုအပ်ချက်ပမာဏနှင့် နှိုင်းယှဉ်ပါက လိုအပ်ချက်များ ရှိနေသေးသည့်အတွက် ထပ်မံ လှူဒါန်းကြရန် ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

.

လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်နေသော ကာကွယ်ရေး တပ်ဖွဲ့ ၂၅၀ ကျော်ရှိနေ ကြောင်း သိရသည်။

.

#KBZTai  #9July2022

.

Link –

.

Journal Download

Photo of three cats