.
အပတ်စဉ် ရုံးပိတ်ရက်များတွင် သန့်ရှင်းရေးပြုလုပ်ရန် စစ်ကောင်စီ၏ လုပ်အားပေး ခိုင်းစေမှုကြောင့် Non-CDM ဝန်ထမ်းများ စိတ်ဓါတ်ကျလျက်ရှိကြောင်း သိရသည်။
.
.
“ဝန်ထမ်းတွေ ပင်ပန်းတာပဲ အဖတ်တင်ပါတယ်။ ဘာမှ အကျိုးရှိတာလည်း မဟုတ်ပါဘူး။ ဒီလိုလုပ်နေလို့လည်း ပြည်သူလူထုရဲ့ မေတ္တာ ပြန်ရလာမှာမှ မဟုတ်တာ” ဟု Non-CDM ဝန်ထမ်းတစ်ဦးက ပြောသည်။
.
အာဏာသိမ်းစစ်ကောင်စီက ၎င်းလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် Non-CDM ဝန်ထမ်းများကို အပတ်စဉ် စနေနေ့တိုင်း ဆေးရုံ၊ စာသင်ကျောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာရုံးများနှင့် ဘုန်းကြီးကျောင်းဝင်းများ၊ မြို့တွင်းလမ်းမကြီးဘေးတို့၌ အမှိုက်ကောက်ခြင်း၊ မြက်နှုတ်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် သစ်ပင်စိုက်ပျိုးခြင်း များ ပြုလုပ်ရန် ခိုင်းစေနေခြင်းဖြစ်သည်။
.
အလားတူ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံအပါအဝင် ဆေးရုံများ၌ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအားလုံးကို အပါတ်စဉ် စနေ့နေ့တိုင်း သစ်ပင်စိုက်ရန်လည်း စစ်ကောင်စီက ညွှန်ကြားထားသည်ဟု သိရသည်။
.