.
မြန်မာနိုင်ငံဆိုင်ရာ
အာဆီယံအထူးကိုယ်စားလှယ် H.E Park
Sokhonn နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်
လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့မှ ကိုယ်စားလှယ်များသည်
ယနေ့ ဇူလိုင်လ ၁ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
.
ထိုသို့ တွေ့ဆုံရာတွင်
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်က အပစ်အခတ် ရပ်စဲရေး၊ လူသားချင်း စာနာမှု
အကူအညီများ ပေးအပ်နိုင်ရေးနှင့် အမှန်တကယ် ဒုက္ခရောက်နေသူများထံ အကူအညီများ ရောက်ရှိရေး၊
နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ပြောဆိုခဲ့သည်ဟု သိရသည်။
.
ထို့နောက် NCA-S EAO များဘက်မှ NCA ၏ အနှစ်သာရ ၃ ချက်ဖြစ်သော နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံခြင်း နည်းဖြင့်
ဖြေရှင်းရေး၊ ပါဝင်သင့်သူများအားလုံး ပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးနှင့်
အရပ်သားများကို အကာအကွယ်ပေးရေးတို့ကို အလေးထား တင်ပြဆွေးနွေးခဲ့ကြောင်း NCA-S
EAO များအဖွဲ့က ထုတ်ပြန်ထားသည်။
.
ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့်
တိုင်းရင်းသားနိုင်ငံရေးလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့မှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ
(RCSS)၊
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊
ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ လားဟူဒီမိုကရက်တစ်
အစည်းအရုံး (LDU)၊ ဒီမိုကရက်တစ်ကရင် အကျိုးပြုတပ်မတော် (DKBA)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊
မွန်ပြည်သစ်ပါတီ (NMSP) တို့ဖြစ်ပြီး ယင်းအဖွဲ့များသည် ပြီးခဲ့သည့်
ဇွန်လအတွင်း စစ်ကောင်စီခေါင်းဆောင် ဦးဆောင်ပြုလုပ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့
တက်ရောက်ခဲ့သည့် အဖွဲ့များလည်း ဖြစ်သည်။
.
အလားတူ အဆိုပါ NCA-S EAO အဖွဲ့များသည် နေ့လယ်ပိုင်းတွင်
နေ့လယ်ပိုင်းတွင် အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ
(NSPNC) အဖွဲ့နှင့် ဆက်လက်တွေ့ဆုံခဲ့ကြောင်း
သိရသည်။
.
Photo – ALP
.