.
ကရင်အမျိုးသားအစည်းအရုံး (KNU) သထုံခရိုင် နယ်မြေတွင် ၆ လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ကောင်စီတပ်သား ၄၀၀ ကျော် သေဆုံးကြောင်း KNU က ယနေ့ ဇူလိုင်လ ၉ ရက်တွင် ထုတ်ပြန် ကြေညာထားသည်။
.
.KNU သထုံခရိုင်၊
ကရင်အမျိုးသားအစည်းအရုံး၊ တပ်ဟာ (၁) အုပ်ချုပ်မှုနယ်မြေတွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ
ဇွန်လအတွင်း နယ်မြေကျော်လွန် စစ်ရေးလှုပ်ရှားလာသော စစ်ကောင်စီတပ်များနှင့် KNU-သထုံခရိုင်၊ အမှတ် (၁) တပ်မဟာတို့ ထိတွေ့ပစ်ခတ်မှု ၂၀၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
ယင်း နှစ်ဘက် ပစ်ခတ်မှုများအတွင်း
အာဏာသိမ်းစစ်ကောင်စီဘက်မှ ၄၄၅ ဦး သေဆုံးပြီး
၃၃၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ KNU ထံသို့ လက်နက်ချ အလင်းဝင်လာသူ ၃ ဦး ရှိကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အပြင် ယင်းတိုက်ပွဲများအတွင်း
KNLA/KNDO နှင့် ပူးပေါင်းတပ်များမှ
သူရဲကောင်း ၇ ဦး ကျဆုံးခဲ့ကာ ၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဆက်လက်ဖော်ပြထားသည်။
.
အဆိုပါ စာရင်းများကို
KNLA တပ်မဟာဌာနချုပ်ရုံးမှ
စာရင်းပြုစုထားခြင်းဖြစ်ကြောင်း သိရသည်။
.
[ Source/Photo | KNU ]
.