ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ် နယ်မြေအတွင်း၌ ဇွန်လ အတွင်း တိုက်ပွဲ ပေါင်း ၃၆၅ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၄၁၀ ဦး သေဆုံးကာ ၃၃၅ ဦး ဒဏ်ရာရခဲ့သည် KNU က ယနေ့ ဇူလိုင်လ ၅ ရက်တွင် ထုတ်ပြန်သည်။
.
ထို့အတူ KNLA နှင့် KNDO ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ၁၇ ဦး ကျဆုံးပြီး ၂၈ ဦး ဒဏ်ရာ ရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးအသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) ပူးပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်း စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် (BGF) တို့အကြား တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။
.
KNU ဒူပလာယာခရိုင် တပ်မဟာ (၆) နယ်မြေ ဥကရစ်ထ ဒေသတွင် တိုက်ပွဲဟာ ပြင်းထန်သည့်အတွက် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု အလွန်အကျွံ အသုံးပြုခဲ့ရာ ဇွန်လ ၂၇ ရက်မှ ၃၀ ရက်ထိ လေးရက်တာ ကာလအတွင်း လေကြောင်း တိုက်ခိုက်မှုပေါင်း ၉၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။