စစ်ကောင်စီ တပ်သား ၅ ဦး KNLA ထံ CDM ဝင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီ တပ်သား ၅ ဦး KNLA ထံ CDM ဝင်

.

ကရင်ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ တပ်သား ၅ ဦး ဇူလိုင် ၉ ရက်နေ့က KNLA ထံ CDM ဝင်ရောက် လာကြောင်း သိရသည်။

.

.

အဆိုပါ CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သားများမှာ တပ်မ (၄၄)၊ တပ်ရင်း (၁၀၂) မှ ဖြစ်ပြီး ၎င်းတို့ကို လွတ်‌မြောက်နယ်မြေသို့ ပို့ဆောင်လိုက်ကြောင်း KNLA က ယနေ့ ဇူလိုင်လ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

.

CDM ဝင်လာသည့် စစ်ကောင်စီတပ်သားများမှာ ဇော်ထက်အောင်၊ အောင်ကျော်ထူး၊ အောင်ငြိမ်းချမ်း၊ အောင်အောင်၊ ရဲမြင့်မြတ်တို့ဖြစ်ပြီး ၎င်းတို့သည် ရခိုင်မှ မကွေးသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ကာ ထိုမှတစ်ဆင့် ကရင် ပြည်နယ်သို့ ပို့ဆောင်ခံရပြီးနောက် ထွက်ပြေးလာကြခြင်းဖြစ်ကြောင်း သိရသည်။

.


Journal Download

Photo of three cats