နည်းပညာ တစ်ဆင့်ပြီး တစ်ဆင့် တိုးမြှင့်၍ လက်နက်ခဲယမ်း ထုတ်လုပ်နေမှုကို KNDF ပြသ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နည်းပညာ တစ်ဆင့်ပြီး တစ်ဆင့် တိုးမြှင့်၍ လက်နက်ခဲယမ်း ထုတ်လုပ်နေမှုကို KNDF ပြသ


ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၏ ဖောက်ခွဲရေးနှင့် နည်းပညာဌာန (ETD)က နည်းပညာ တစ်ဆင့်ပြီး တစ်ဆင့် တိုးမြှင့်၍ လက်နက်ခဲယမ်း ထုတ်လုပ်နေမှုကို ယမန်နေ့ ဇူလိုင်လ ၁၆ ရက်၊ ညပိုင်းတွင် ထုတ်ဖော်ပြသထားသည်။

.

" မိဘ ပြည်သူတွေရဲ့ ချွေးနည်းစာတွေနဲ့ ပံ့ပိုးမှုတွေကြောင့် ကရင်နီပြည်က ကျွန်တော်တို့ရဲ့ ထုတ်လုပ်ရေးတွေဟာ မှတ်တိုင် တစ်ခုပြီး တစ်ခု ဖြတ်ကျော်လာခဲ့ပါပြီ။" ဟု KNDF ETD က ဆိုသည်။

.

နည်းပညာ တစ်ဆင့်ပြီး တစ်ဆင့် တိုးမြှင့်ရင်းခြေလှမ်း တစ်လှမ်းပြီး တစ်လှမ်း တက်လှမ်းရင်း ပြည်သူများ အနေဖြင့် အာဏာရှင် အမြစ်ဖြုတ်ရေးတွင် ဆက်လက်၍ အတူ တိုက်ပွဲဝင်ပေးရန်ကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats