.
ကရင်နီပြည်နယ်၊ လွိုင်ကော်-လောပိတကားလမ်းမပေါ်တွင်
ယမန်နေ့ ဇွန်လ ၃၀ ရက်၊ နံနက်ပိုင်းက KNDF တပ်ဖွဲ့ နှင့် စစ်ကောင်စီရိက္ခာတင်ကားတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး
စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
.
KNDF တပ်ရင်း အမှတ်
(၁၀) မှ တပ်ဖွဲ့သည် ဇွန်လ ၃၀ ရက်၊ နံနက်ပိုင်းက လွိုင်ကော်-လောပိတလမ်းမပေါ်တွင် ကင်းလှည့်လှုပ်ရှားနေစဉ်
လောပိတ အမှတ် (၂) သင်္ဘောပင်စခန်းနှင့် ဓါတ်ဦးပွင့်ဘုန်းကြီးကျောင်းကြား လမ်းမပေါ်တွင်
စစ်ကောင်စီ၏ တပ်ရိက္ခာသည်ပို့သည့်ယာဉ်တစ်စီးနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး
စစ်ကောင်စီ ဘက်မှ ယာဉ်ပေါ်ပါ တပ်ရေးဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦးတို့အား
ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်ထားသည်။
.
အဆိုပါ ထိတွေ့တိုက်ပွဲမှာ
မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲအပြီး ယာဉ်ပေါ်ပါ တပ်ရေးဗိုလ်ကြီး
ကိုင်ဆောင်သော ၉ မမပစ္စတိုသေနတ် တစ်လက်၊ ကျည် ၁၂ တောင့်နှင့် ဖုန်း ၂ လုံးတို့ကို
သိမ်းဆည်းရမိခဲ့ကာ KNDF ဘက်မှ
တစ်စုံတစ်ရာ ထိခိုက်မှုမရှိ ပြန်လည်ဆုပ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
.
စစ်ကောင်စီ၏
လောပိတအခြေစိုက် အမှတ် (၇၂)တပ်ရင်းမှ တိုက်ပွဲ ဖြစ်ပွားရာအနီးရှိ ကျေးရွာများဘက်သို့
လက်နက်ကြီးများ ရမ်းသမ်းပစ်ခက်ခဲ့ပြီး လေးအိမ်စုရွာအတွင်း လက်နက်ကြီးကျရောက်၍
နေအိမ်တစ်လုံး ထိခိုက်ပျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
[ Source/Photo | KNDF ]
.