Kaung for You ကျောင်းသားများကို အရေးမယူဟု စစ်ကောင်စီ ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

Kaung for You ကျောင်းသားများကို အရေးမယူဟု စစ်ကောင်စီ ပြော

.

Kaung for You အွန်လိုင်းကျောင်းတွင် တက်ခဲ့သည့် ကျောင်းသားများ၊ မိဘများကို အရေးယူမည်မဟုတ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ ဇူလိုင်လ ၁၈ ရက်တွင် ပြောဆိုခဲ့သည်ဟု သိရသည်။

.

.

ထို့အပြင် ကျောင်းသားမိဘများအနေဖြင့် ကလေးများ၏ ပညာရေးကို နည်းလမ်းမှန် ဆောင်ရွက်ကြရန် ၎င်းက တိုက်တွန်းပြောဆိုခဲ့သည်ဟု သိရသည်။

.

Kaung for You ကျောင်း တည်ထောင်သူ ကျောင်းအုပ် ဦးကောင်းသိုက်စိုးနှင့် ဆရာ ၂ ဦးကို ရှမ်းပြည်နယ်အတွင်း ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ဇူလိုင်လ ၁၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီးနောက် ယင်းကျောင်းမှ ကျောင်းသားများနှင့် မိဘများက ဖမ်းဆီး အရေးယူခံရမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။

.

Kaung for You ကမူ ဆရာ/ဆရာမများနှင့် မိဘများအား လုံခြုံရေးအရ ဂရုပြုရန် ကြေညာချက် ထုတ်ပြန်ထားသည်။

.

Kaung for You ကျောင်းမှ ကျောင်းသားများနှင့် ဆရာ၊ ဆရာမများ၏ အချက်အလက်များ ပေါက်ကြားပြီး ဖမ်းဆီး ခံရမှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနက ကျောင်းစီမံခန့်ခွဲမှုအဖွဲ့ကို တာဝန်ခံပေးရန်နှင့် စစ်ကောင်စီက ဆရာ၊ ဆရာမများကို ဖမ်းဆီးခြင်းသည် အခြေခံလူ့အခွင့်အရေးတစ်ရပ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

.

Journal Download

Photo of three cats