.
ကရင်နီ (ကယား) ပြည်နယ်၊
ဖရူဆိုမြို့နယ်၊ ဒေါလောခူကျေးရွာအတွင်း နေအိမ်များသို့ ဝင်ရောက်၍ အသုံးအဆောင်ပစ္စည်းများနှင့်
အိမ်မွေးတိရစ္ဆာန်များ ခိုးယူနေသော စစ်ကောင်စီတပ်ကို ဇူလိုင်လ ၁၆ ရက် က ကရင်နီတပ်မတော်
(KA)နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော်
(KNDF) တို့မှ တိုက်ခိုက် ခဲ့ကြောင်း သိရသည်။
.
.
ဒေါလောခူကျေးရွာအတွင်းသို့
ဝင်ရောက်စီးနင်း၍ ရွာတွင်းမွှေနှောက်နေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ(၆၆)
တပ်ဖွဲ့များအား ဇူလိုင်လ ၁၆ ရက်၊ နံနက် ၁၁ နာရီအချိန်က KNDF B-15 နှင့် KA တို့ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက် ခဲ့ရာ ၁၀ မိနစ်နီးပါးအကြာ
ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဖက်မှ တစ်ဦးသေဆုံးခဲ့ကာ ပူးပေါင်း တပ်များမှ
ထိခိုက်မှုမရှိကြောင်း သိရသည်။
.
အဆိုပါထိတွေ့မှုအပြီး
ပူးပေါင်းတပ်၏ သေဆုံးသွားသော အကြမ်းဖက်စစ်ကောင်စီ၏တပ်သား ကိုင်ဆောင်လာခဲ့သော MA-1 အမျိုးအစားသေနတ် ၁ လက် နှင့်
ခဲယမ်းအချို့ကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း KNDF က သတင်းထုတ်ပြန် ထားသည်။
.
ဖရူဆိုမြို့နယ်အခြေအစိုက်
စစ်ကောင်စီ၏ အမှတ် (၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းခြံစည်းရိုး ပတ်လည်တွင်
တပ်ချထားသော တပ်မ(၆၆) တပ်သားအချို့မှာ တပ်အနီးရှိ ကျေးရွာများအတွင်းသို့
နေ့စဥ်ဝင်ရောက်ကာ အိမ်မွေးတိရိစ္ဆာန်များကို ဖမ်းဆီးစားသောက်နေသလို
နေအိမ်များအတွင်းသို့လည်း ဝင်ရောက်ကာ ဖောက်ထွင်းခိုးယူမှုများလာည်း လုပ်ဆောင်နေလျက်ရှိကြောင်း
သိရသည်။
.