.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသ၌
အခြေစိုက်လှုပ်ရှားနေသည့် ချိုးဖြူပျောက်ကြားတပ်ဖွဲ့(JPGF)နှင့် ရှမ်းပြည်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
(SSPDF) တို့သည်
ညီနောင်မဟာမိတ်တပ်ဖွဲ့အဖြစ် ပူးပေါင်းလိုက်ကြောင်း ထုတ်ပြန် ကြေညာထားသည်။
.
.ညီနောင်မဟာမိတ်တပ်ဖွဲ့အနေဖြင့်
ဇူလိုင်လ ၇ ရက်မှစတင်ကာ လက်တွဲညီစွာပူးပေါင်းပြီး စစ်အာဏာရှင်စနစ်နှင့်
စစ်အာဏာရူးများကို ဆက်လက်တော်လှန်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့များ၏ ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
.
ချိုးဖြူပြောက်ကျားတပ်ဖွဲ့ကို
၂၀၂၂ ခုနှစ်၊ မတ်လ ၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဖွဲ့စည်းပြီးနောက် စစ်ကောင်စီတပ်များ
အပါအဝင် ၎င်းတို့၏ဆက်နွယ်သောနေရာ၊ ဌာနများ ၊ ဒလန်များ၊ ပျူစောထီးများနှင့်
၎င်းတို့၏ ဒေါက်တိုင်များကို အရှိန်အဟုန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း
ထုတ်ပြန်ကြေညာထားသော အဖွဲ့တစ်ခုဖြစ်သည်။
.
#KBZTai #8July2022
.
Link –
.