.
ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာတရားရုံး
(ICJ) တွင် မြန်မာနိုင်ငံအား
လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် ပတ်သက်၍ ဂမ်ဘီယာနိုင်ငံက တရားစွဲထားမှုအပေါ် တရားစွဲဆိုခွင့်မရှိဟု
မြန်မာနိုင်ငံဘက်က ကန့်ကွက်ထားမှုကို လာမည့် ဇူလိုင်လ ၂၂ ရက်တွင် အပြီးသတ် ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း
ICJ က ထုတ်ပြန်ထားဟု သိရသည်။
.
.
အဆိုပါဆုံးဖြတ်ချက်
ချမှုကို လာမည့် ဇူလိုင်လ ၂၂ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီတွင်
ပြုလုပ်မည်ဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်ကာ
အများပြည်သူများအနေဖြင့် UN Web TV၊ ICJ Website အပါအဝင် တိုက်ရိုက် ထုတ်လွှင့်မှုများမှတစ်ဆင့်
အမှုဆုံးဖြတ်ချက်ကို စောင့်ကြည့်နိုင်ကြောင်း ICJ က ထုတ်ပြန်ထားသည်။
.
ပြီးခဲ့သည့် ဖေဖော်ဝါရီလ
၂၃ ရက်မှ ၂၈ ရက်အထိ ကြားနာမှုများတွင် ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံအား တရားစွဲ
ဆိုခွင့်မရှိကြောင်း ICJ အနေဖြင့် ကြေညာပေးရန် စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့က တရားရုံးကို တင်ပြခဲ့ပြီး
တရားရုံး နောက်ဆုံးကြားနာမှုတွင် ဂမ်ဘီယာနိုင်ငံ၏ ဥပဒေအကျိုးဆောင်က မြန်မာ၏ တင်ပြချက်များကို
ငြင်းဆိုပြီး ဂမ်ဘီယာ ၏ တင်ပြချက်များကို လက်ခံပေးရန်နှင့် မြန်မာကို တရားစွဲဆိုပေးရန်
တင်ပြထားကြောင်း သိရသည်။
.
ICJ တွင် တရားစွဲဆိုထားမှုနှင့်
ပတ်သက်၍ NLD အစိုးရလက်ထက်က နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးဆောင်၍ တရားရင်ဆိုင် ဖြေရှင်းခဲ့ပြီး စစ်ကောင်စီလက်ထက်တွင်မူ ဦးကိုကိုလှိုင်
ဦးဆောင်သည့်အဖွဲ့က ရင်ဆိုင်ဖြေရှင်းနေခြင်းဖြစ်ကြောင်း သိရသည်။
.
.