တောင်ကြီးတွင် မီးဖိုချောင်သုံး Gas ဝယ်ယူရခက်ခဲလာနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် မီးဖိုချောင်သုံး Gas ဝယ်ယူရခက်ခဲလာနေ

.

မြို့တော်တောင်ကြီးတွင် ယခုရက်ပိုင်းအ တွင်းမီးဖိုချောင်သုံး Gas ဘူးများဝယ်ယူရ ခက်ခဲလာနေကြောင်း မြို့ပေါ်နေ ပြည်သူများထံက သိရသည်။

.

.

မီးဖိုချောင်သုံး Gas များ ဝယ်ယူရခက်ခဲလာသည့်အပြင် လိုသလောက်ဝယ်ယူရရှိခြင်းမရှိသည့်အတွက် Gas ကို အဓိက အားထားအသုံး ပြုနေရသည့် စားသောက်ဆိုင်ကြီးများအနေဖြင့် အဆင်မပြေဖြစ်ပေါ်နေကြောင်း သိရသည်။

.

“ကျွန်တော်တို့ဆိုင်တွေက ထင်းမီးသွေးတွေသုံးလို့မရတော့ Gas အိုးတွေပဲ အဓိကသုံးနေရတာ။ အခု ပစ္စည်းပြတ်နေ တာရယ်၊ လိုသလောက်ဝယ်လို့လည်းမရတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး” ဟု တောင်ကြီးမြို့ပေါ်ရှိ စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးကပြောသည်။

.

တောင်ကြီးမြို့ပေါ်တွင် Gas အိုးကြီးဖြည့်ပါက ယခင်တစ်ပိသာလျှင် ၄၀၀၀ ကျပ်ဝန်းကျင်ရှိရာ မှ ယခုအခါ ၆၀၀၀ ကျပ်အထိပေးနေရပြီး Gas ဘူးအသေးများ ယခင် ၄၀၀ ကျပ်ခန့်သာရှိရာ ယခု ၆၅၀ ကျပ်ခန့် ပေးဝယ်နေရကြောင်း သိရသည်။

.

မီးဖိုချောင်တစ်ခါသုံး Gas ဘူးအသေးများလည်း ပစ္စည်းပြတ်လပ်နေပြီး လက်လီအရောင်းဆိုင်အချို့တွင် ပြန်လည် ရောင်းချနိုင် ခြင်းမရှိသည်မှာ ၃ ရက်ခန့်ရှိပြီဖြစ်ကြောင်း ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

.


Journal Download

Photo of three cats