.
တောင်ကြီးခရိုင်အတွင်းရှိ
မြို့များတွင် အရေးပေါ်အခြေအနေမှ လွဲ၍ အချိန်ပြည့် ဓါတ်အားပေးသွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့ရှိ
မြန်မာ့လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း (ESE Taunggyi) က ယနေ့ ဇူလိုင်လ ၇ ရက်တွင် လူမှုကွန်ရက်စာမျက်နှာ
(Facebook Account) မှတစ်ဆင့် ကြွားလုံးထုတ် ကြေညာထားသည်ဟု သိရသည်။
.
.
“မီး အချိန်ပြည့်ပေးမယ်ဆိုရင်တော့
အဆင်ပြေတာပေါ့။ မနက် ကလေးတွေ ကျောင်းထမင်းထုပ်ဖို့ ချက်ပြုတ်ရတာ လည်း အဆင်ပြေသွားမယ်။
အပြောနဲ့အလုပ် ညီဖို့တော့ လိုတာပေါ့နော်” ဟု တောင်ကြီးဒေသခံတစ်ဦးက ၎င်း၏ အမြင်ကို ပြောသည်။
.
လျှပ်စစ်ဓါတ်အားလုပ်ငန်းက
တောင်ကြီးမြို့ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ မြို့များတွင် ပြီးခဲ့သည့် ၂၀၂၁
ခုနှစ်၊ နှစ်ကုန်ပိုင်းမှ စတင်၍ လျှပ်စစ်မီးကို အချိန်ပိုင်း ဖြင့်သာ ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။
.
“အခုက မီးမဖြတ်တော့ဘူး
ဆိုတော့ ကောင်းတာပေါ့။ ဒါပေမဲ့ မိုးလေးနည်းနည်းရွာ၊ လေလေး နည်းနည်းတိုက်မယ် ဆိုရင်
မီးက အရင်ပြတ်နေတာကတော့ ရှိနေဦးမှာပါပဲ” ဟု အခြား ဒေသခံတစ်ဦးကလည်း ပြောသည်။
.
စစ်ကောင်စီ၏
ပြန်ကြားရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ အချိန်ပိုင်းဖြင့်
လျှပ်စစ်ပေးသည့်စနစ်မှာ မေလအထိ ရှိနိုင်ကြောင်း ပြောဆိုထားခဲ့ဖူးပြီး ယခု ဇူလိုင်လ
မှသာ အချိန်ပြည့် ဓါတ်အားပြန်ပေးမည်ဟု လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းက ကြေညာခဲ့ခြင်းဖြစ်သည်။
.
တောင်ကြီးမြို့နယ်
လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း အတွက် တောင်ကြီးတွင် ဓါတ်အားခွဲရုံ ၃
ရုံနှင့် အောင်သပြေတွင် ဓာတ်အား ခွဲရုံ ၂ ရုံ၊ နောင်ကားတွင် ဓာတ်အား ခွဲရုံ ၁
ရုံတို့ဖြင့် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
.
#KBZTai #7July2022
.
Link –
.