.
မကွေးတိုင်း၊ မြိုင်မြို့နယ်၊
ကိုင်းတောမရဲကင်းမှ ရဲတပ်သား ၂ ဦးသည် ယမန်နေ့ ဇူလိုင်လ ၈ ရက်၊ နံနက်ပိုင်းတွင် လက်နက်နှင့်အတူ
CDM ပြုလုပ်လာကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊
မြိုင်မြို့နယ်က သတင်းထုတ်ပြန် ထားသည်။
.
.
အဆိုပါ CDM ပြုလုပ်သူ ၂ ဦးမှာ ရဲတပ်သား ပါဆန်း
ကိုယ်ပိုင်အမှတ် လ ၂၆၁၇၃၁ နှင့် ရဲတပ်သား လူသော် ကိုယ်ပိုင်အမှတ် လ၂၈၄၄၈၈ တို့ဖြစ်ပြီဂ
မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့
BA 94 သေနတ် ၂ လက်
ကျည်အတောင့် ၉၀ ဖြင့် ဝင်ရောက် လာခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်း CDM ရဲတပ်သား ၂ ဦးကို ငွေကျပ် သိန်း ၅၀
ကျပ်စီ ထောက်ပံ့ပေးကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
.