.
ချင်းပြည်နယ်၊
မတူပီမြို့အခြေစိုက် ခမရ (၃၀၄)မှ တပ်သားတစ်ဦးသည် CDM ပြုလုပ်လာပြီး CDF မတူပီထံသို့ လာရောက်ပူးပေါင်းကြောင်း CDF မတူပီ၊ သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့
ဇူလိုင် ၁၈ ရက်တွင် ထုတ်ပြန် ထားသည်။
.
.မတူပီမြို့ အခြေစိုက် ခမရ(၃၀၄)တပ်ရင်းမှ တပ်သား
ဦးဖြိုးဝေဦး ကိုယ်ပိုင်အမှတ်- တ/၅၀၀၉၂ သည် ဇွန်လ ၁၀ ရက်က CDM ပြုလုပ်လာခြင်းဖြစ်ကြောင်း CDF မတူပြီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
အဆိုပါ CDM တပ်သားကို လွတ်မြောက်နယ်မြေသို့
ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.