ကလောမြို့နယ်၊ ဟဲဟိုးမြို့မှ CDM ကျောင်းဆရာမ ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ ဇူလိုင်လ ၁၄ ရက် ညပိုင်းတွင် ဖမ်းဆီးသွားကြောင်း သိရသည်။
.
" ၄ ယောက်လုံးက ဟဲဟိုးက ဆရာမတွေပဲ။ ဘယ်ကို ဖမ်းသွားတာလဲတော့ မသိသေးဘူး။ " ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
.
အဆိုပါ ဖမ်းဆီးခံရသူများမှာ ဒေါ်ချောစုလင်း ၊ ဒေါ်နန္ဒာလှိုင် ၊ ဒေါ်အေးမာဌေးနှင့် ဒေါ်ဇာဇာမိုး တို့ ဖြစ်ပြီး K4U ကျောင်းနှင့် ဆက်စပ်၍ ဖမ်းဆီးခံရခြင်း ဖြစ်နိုင်ကြောင်း ကြားသိရသော်လည်း အတိအကျကို မသိရဟု ၎င်းက ဆိုသည်။
.
ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်တွင်လည်း ကလောမြို့မှ ကျောင်းဆရာမ တစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သေးသည်။