.
ကရင်နီ (ကယား) ပြည်နယ်မှ
ရဲတပ်ကြပ်ကြီး ၂ ဦး ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ထံသို့ လက်နက် နှင့်အတူ CDM
ပြုလုပ်ကာ ဝင်ရောက်ခိုလှုံခဲ့ကြောင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
သတင်းထုတ်ပြန် ထားသည်။
.
.
ဘောလခဲ
ရဲတပ်ဖွဲ့ မှုခင်းနှိမ်နှင်းရေးတပ်စုမှ
တပ်ကြပ်ကြီးကိုဝင်းထွန်း ကိုယ်ပိုင်အမှတ် (လ/၁၅၈၇၃၂) နှင့် နယ်ထိန်းတပ်ကြပ်ကြီး
ကိုမျိုးဆွေဦး (လ/၁၈၆၆၄၈) တို့သည် ဇူလိုင်လ ၃ ရက်က ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(BPDF)
ထံသို့ ဆက်သွယ်ကာ CDM ပြုလုပ်ပြီး ဝင်ရောက်ခိုလှုံခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ ဝင်ရောက်ခိုလှုံလာသော
CDM ရဲ ၂ ဦးနှင့်အတူ ၇ ဒသမ ၆၂
မမ ကျည် ၃၂၁ တောင့် လက်ပစ်ဗုံး ၆ လုံးနှင့် ဆက်သွယ်ရေး စကားပြောစက် ၂လုံးပါရှိလာကာ
ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF)ထံသို့ အပ်နှံခဲ့ ကြောင်း သိရသည်။
.
ထို့အပြင် စစ်ကောင်စီ
ဖက်မှ CDM ပြုလုပ်လာမည့် စစ်သား/ရဲတပ်သား
များကို ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) မှ ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း BPDF က ထုတ်ပြန်ထားသည်။
.
[ Source/Photo | Bawlakhe PDF ]
.