.
စစ်ကောင်စီ၏ တပ်မ (၅၅)
လက်အောက်ခံ၊ ပင်လောင်းမြို့နယ်၊ တီကျစ်အခြေစိုက် ခမရ (၅၁၂) တပ်ရင်းမှ တပ်သား တစ်ဦးသည်
ဇူလိုင်လ ၁၀ ရက်နေ့တွင် CDF မင်းတပ်ထံ
လက်နက်နှင့်အတူ အလင်းဝင်ခဲ့ကြောင်း သိရသည်။
.
.အဆိုပါတပ်သားသည် MA1 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊
အီနာဂါ ဗုံးသီး ၃ လုံးနှင့်တကွ အလင်းဝင်လာခြင်းဖြစ်ပြီး သိန်း ၅၀ ချီးမြှင့်ကာ
နွေးထွေးစွာကြိုဆိုထားကြောင်း CDF မင်းတပ်က သတင်းထုတ်ပြန်သည်။
.
စစ်ကောင်စီ၏ တပ်မ (၅၅)
လက်အောက်ခံ တပ်ရင်းအချို့သည် ချင်းပြည်နယ်အတွင်း စစ်ကြောင်းထိုးနေပြီး
ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
.