လမ်းမပေါ်ကပျောက်သွားတဲ့ မြန်မာ့ထီလှည်းဈေးကွက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လမ်းမပေါ်ကပျောက်သွားတဲ့ မြန်မာ့ထီလှည်းဈေးကွက်

.



.

COVID-19 ရောဂါနဲ့အစပြုပြီး စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း လမ်းမပေါ်မှာ ပျောက်ကွယ်သွားတာကတော့ မြန်မာ့အောင်ဘာလေထီရောင်း ထီလှည်းဈေးသည်တွေ။ အရင်ဆိုရင် လမ်းမတန်းတွေပေါ်မှာ မကြားချင်အဆုံး သီချင်းသံတကျော်ကျော်နဲ့ မမြင်ချင်အဆုံး လှည်းတွေတစ်စီးပြီးတစ်စီး။ မြန်မာသံစဉ်အသစ်တွေထွက်ရင် သူ့ထက်ငါ အပြိုင်အဆိုင်။ ခေတ်ပေါ်သီချင်းတဒုံဒုံဖွင့်တဲ့လှည်းတွေလည်းရှိ။ ကိုယ့်မိတ်နဲ့ကိုယ်တော့ လကုန်တာနဲ့ လှည်း ပေါ်မကျန်အောင် ရောင်းရတဲ့ထီသည်တွေရှိသလို၊ လက်ကျန်နဲ့ တိုင်ပတ်တဲ့ ထီလှည်းတွေလည်းရှိတယ်လို့ဆိုကြတယ်။ အခုချိန်မှာတော့ ထီရောင်းချခြင်းနဲ့ အသက်မွေးတဲ့ပြည်သူတွေ လှည်းပြန်ရောင်းနေရတဲ့ အနေအထား။

.

မြန်မာထီတစ်စောင်ကို ၁၂၀၀ ကျပ်နဲ့ရောင်းတယ်။  အဓိကရောင်းချကြတာကတော့ ထိုင်းနိုင်ငံထုတ် ထီလက်မှတ် တွေပါ။ ထိုင်းထီ တစ်စောင်ကို ရောင်းချတဲ့ဈေးနှုန်းက မြန်မာငွေ ၆၅၀၀/၇၀၀၀ လောက်ရောင်းတယ်လို့ ဆိုကြတယ်။ 

.

ထီလှည်းဈေးသည်တွေနဲ့ လက်ရည်တစ်ပြင်တည်း ဘဝတူအကျိုးပေးကောင်းတာက ဂျာနယ်လက်ပွေ့ သမားတွေ။ ဂျာနယ်တွေ ပုံမှန်ထွက်စဉ်က တစ်ရက်ကို စောင်ရေရာချီရောင်းချနေရတဲ့ လက်ပွေ့ သမားတွေ လက်ရှိအချိန်မှာတော့ ငုတ်တုတ်မေ့၊ ပက်လက်မေ့၊ မှောက်ရက်မေ့။ ဂျာနယ်ရောင်းချခြင်းနဲ့ ဘဝဝမ်းစာရှာဖို့ ဘယ်လိုမှမဖြစ်နိုင်ကြတော့ဘူး။ ဈေးကွက်ဝင် ဒိတ်ဒိတ်ကျဲဂျာနယ်အားလုံးနီးပါးက လူမြင်ကွင်းက ဖျောက်ကွယ်ခံထားခဲ့ရပြီ။ လက်ပွေ့သမားတွေ အားထားရတဲ့ ပုဂ္ဂိကနေ့စဉ်သတင်းစာတွေလည်း နေဝင်အိပ်တန်းတက်ကုန်ကြတယ်။ လူမြင်ကွင်းမှာကျန်တဲ့ သတင်းဂျာနယ်တွေကလည်း လူတွေစိတ်ဝင်စားစရာအကြောင်း သိပ်မရှိ။

.

အရင်တုန်းက ထီရောင်းပြီးမိသားစုစားဝတ်နေရေးကို ဖြေရှင်းခဲ့တာပေါ့။ ထိုက်သင့်သလောက်လည်း အဆင်ပြေခဲ့ ပါတယ်။ လတိုင်းလိုလို ပုံမှန် လေးလည်းရောင်းရတယ်။ ကိုယ့်မိတ်နဲ့ကိုယ်ပေါ့။ COVID-19 ပါးသွားတော့ အလုပ်လေး ပြန်စဖို့လုပ်တုန်း စစ်တပ်အာဏာသိမ်းမှုဖြစ်သွားတယ်။ အဲဒီမှာစပြီး ဒုက္ခရောက်တော့တာပါပဲ။ ထီထိုးမယ့်လူက လုံးဝမရှိသလောက်ကိုဖြစ်သွားတာ။ ရွာကနေတက်လာကတည်းက ဒီအလုပ်တစ်ခုပဲ လုပ်လာတာဆိုတော့ ဒီလို ကြီးဖြစ်သွားတော့ ဘာလုပ်လို့လုပ်ရမှန်းတောင် မသိတော့ဘူး။ ထီရောင်းဖို့ အဆင်မပြေတော့ အခုကြုံရာကျပန်း လိုက်လုပ်နေရတာပေါ့ လို့ စလင်းမြို့ကနေ တောင်ကြီးမှာ ထီလာရောင်းချခဲ့တဲ့ စလင်းသားက ပြောတယ်။

.

အရင်အစိုးရလက်ထက်တုန်းက မြန်မာ့အောင်ဘာလေထီ အမြင့်ဆုံးဆုကြီးက မြန်မာငွေသိန်းပေါင်း ၁၅၀၀၀။ ကံစပ်လို့ ပေါက်တဲ့လူတွေအတွက် ဘဝတစ်ခုလုံး အများကြီးပြော ရနိုင်တဲ့ ငွေကြေးအတိုင်းအတာ ဆင်းရဲကျပ်တည်းတဲ့ မြန်မာ ပြည်သူတွေအတွက် အကြီးမားဆုံးမျှော်လင့်ချက်ကြီးတစ်ခုပေါ့။ ထီဆုကြေး မြင့်မားတဲ့အတွက် ပြည်သူတွေကြားမှာ ထီထိုးတဲ့အတိုင်းအတာလည်း အမြင့်ဆုံးမှာရှိနေခဲ့တယ်။ အခုချိန်မှာတော့ လမ်းမပေါ် ကြည့်တာနဲ့ ထီထိုးခြင်း ယဉ်ကျေးမှု ပျောက်ကွယ်သလောက် ဖြစ်သွားတာကို တွေ့နိုင်တယ်။ အရင်လို ထီလှည်းတွေ လမ်းမပေါ်မှာ မရှိကြတော့ဘူး။ အရင်လို ထီထိုးဖို့ လူတွေစိတ်ဝင်စားခြင်း မရှိကြတော့ဘူး။

.

တစ်ခြားလုပ်ငန်းလုပ်ကိုင်ဖို့အခက်အခဲဖြစ်တဲ့  ထီရောင်းသမားတချို့တော့ ရသလောက်ရောင်းရင်းနဲ့ ဆက်ပြီး အသက်မွေးဝမ်းကြောင်း ပြုနေကြသေးတယ်လို့ဆိုတယ်။ သူတို့လည်း မြန်မာထီရောင်းချခြင်း တစ်ခုတည်းနဲ့ အသက်ဆက်နေကြတာတော့ မဟုတ်။ စစ်ကောင်စီလက်အောက်မှာ ထုတ်ဝေခွင့်ရနေသေးတဲ့ သတင်းစာ၊ ဂျာနယ်တချို့နဲ့တွဲဖက်ပြီး ရောင်းချကြတယ်။ နောက်ထပ် သူတို့ထွက်ပေါက်တစ်ခုအနေနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကဖွင့်တဲ့ ထီကိုပါ ရောင်းချကြပါတယ်။ လမ်းမပေါ်တွေမှာ ထီလှည်းနဲ့ ရောင်းချကြတာတော့မဟုတ်ဘူး။ ဂျာနယ်ဆယ်စောင်လောက်နဲ့ မြန်မာထီအနည်းငယ်နဲ့ ထိုင်းထီကို အများဆုံးအားထားပြီး ရောင်းတယ်လို့ဆိုကြတယ်။

.

မြန်မာထီတစ်စောင်ကို ၁၂၀၀ ကျပ်နဲ့ရောင်းတယ်။  အဓိကရောင်းချကြတာကတော့ ထိုင်းနိုင်ငံထုတ် ထီလက်မှတ် တွေပါ။ ထိုင်းထီ တစ်စောင်ကို ရောင်းချတဲ့ဈေးနှုန်းက မြန်မာငွေ ၆၅၀၀/၇၀၀၀ လောက်ရောင်းတယ်လို့ ဆိုကြတယ်။ သူတို့တွေ အဓိကအားပြုပြီး ရောင်းတဲ့နေရာတွေကတော့ မြို့ပေါ် လူစည်ကားတဲ့စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် ကြီးတွေပါ။

.

ထိုင်းထီလက်မှတ်ရောင်းချတာကတော့ တစ်ဦးချင်းစောင်ရေ ၅၀/၁၀၀ ကြားရှိတယ်လို့ ဆိုကြတယ်။ ထိုင်းထီရောင်းတာ ကော်မရှင်ခပိုရတဲ့အတွက် ပိုလည်းရောင်းရတယ်လို့ လက်ပွေ့သမားတစ်ယောက်က ပြောတယ်။ ကိုယ့်မြေကိုယ့်ရေ သုံးစားမရလို့ တိုင်းတစ်ပါးကို အားကိုးနေရတဲ့သဘော။

.

စစ်ကောင်စီအာဏာသိမ်းခဲ့တာ အခုဆိုရင် တစ်နှစ်ခွဲကာလ။ တိုင်းပြည်မှာ အစစအရာရာ ရှားပါးကျပ်တည်းသွား  တာတော့ သူတို့တွေကလွဲလို့ ပြည်သူတွေအားလုံးအသိ။ ကမ္ဘာကလည်းအသိ။ ဒီလိုအကျပ်တွေကြားမှာ ပျောက်ကွယ် သလောက်ဖြစ်သွားတာက မြန်မာအောင်ဘာလေထီရောင်းချတဲ့ ဈေးသည်တွေ။ ထီရောင်းခြင်းလုပ်ငန်းနဲ့ အသက်ဆက်နေတဲ့ လူတွေလည်း မြန်မာထီကို အားထားနေခြင်းတော့မဟုတ်။

.

အိမ်နီးချင်းထိုင်းနိုင်ငံထီကို အားထားနေကြရတယ်။ ထီထိုးတဲ့ပြည်သူတွေကလည်း ထိုင်းဘတ်ငွေ ၆ သန်းကို မျှော်လင့်ချက်ထားကြတယ်။ ၂ လုံးတူ၊ ၃ လုံးကိုက်တွေကို အိပ်မက်မက် နေကြတယ်။ မြန်မာထီ အသက်ကတော့ မျှော်လင့်ချက်မဲ့ . . . ။

.

#KBZTai  #7July2022

.

Link –

.

Journal Download

Photo of three cats