.
ဇူလိုင်လ ပထမပတ် တစ်ပတ်အတွင်း
လွိုင်ကော်နှင့် ဖယ်ခုံမြို့နယ်များတွင် KNDF နှင့် ပူးပေါင်းအဖွဲ့များ၏ တိုက်ခိုက် မှုကြောင့် စစ်ကောင်စီတပ်မှ
ဗိုလ်လေးတစ်ဦးအပါအဝင် စုစုပေါင်း ၅၀ ဦးခန့် သေဆုံးခဲ့ကြောင်း KNDF က ယနေ့ ဇူလိုင်လ ၈ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
.
.
လွိုင်ကော်မြို့နယ်နှင့်
ဖယ်ခုံမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ၏ ခြေကုပ်စခန်းများကို
ကရင်နီပူးပေါင်းတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့မှ ဇူလိုင်လ ပထမပတ်အတွင်း
တိုက်ခိုက်သဖြင့် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ထိုစခန်း တိုက်ခိုက်ခံရမှုများကြောင့်
အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ကူနှင့် လေကြောင်း ပစ်ကူများအသုံးပြု
တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
စစ်ကောင်စီတပ်၏
ဖယ်ခုံမြို့နယ်ရှိလွယ်ပသာကုန်းစခန်းနှင့် ရွှေပြည်အေးကုန်းစခန်း များကို ဇူလိုင်လ
၄ ရက်က ကရင်နီတပ်မတော် (KA)၊ KNDF၊PDF (Phekhon)၊ Moebye PDF နှင့် SSRY အဖွဲ့တို့မှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြစ်
အလွန်အကျွံ့ အသုံးပြုတိုက်ခိုက်ခြင်း၊ သာလွန် စစ်ကူအင်အားတို့ဖြင့်
ပိတ်ဆို့တိုက်ခိုက်ခြင်းတို့ကြောင့် ပူးပေါင်းတပ်ဘက်မှ ၁၁ ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်
၄၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
ထို့အတူ ဇူလိုင်လ
၆ ရက်၊ နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာအနီးရှိ စစ်ကောင်စီ၏
သင်္ဘောပင် စခန်းအား ကရင်နီတပ်မတော် (KA) နှင့်KNDF တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ
စစ်ကောင်စီတပ်မှ ရဟတ်ယာဥ်ဖြင့် ၁၁ ကြိမ်၊တိုက်လေယာဉ်ဖြင့် ၉ ကြိမ် လာရောက် တိုက်ခိုက်ခဲ့ပြီး
စစ်ကောင်စီတပ်ဘက်မှ ဗိုလ်လေးအဆင့်ရှိသူ တစ်ဦး ရင်ဘတ်ကျည်ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။
.
ထို့အပြင် သင်္ဘောပင်စခန်းအား
တိုက်ခိုက်နေစဉ် လွိုင်ကော်မြို့နယ်၊ (၄) မိုင် အမှတ် (၁) စခန်းမှ စစ်ကူ လာသော
စစ်ကောင်စီတပ်ဖွဲ့များကို ဆိုလဆယ်နှင့် လောကထူးကျေးရွာအကြားတွင် KNDF မှ အနီးကပ် ကြားဖြတ် တိုက်ခိုက်ရာ
စစ်ကောင်စီတပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရခဲ့ကာ စစ်ကောင်စီတပ်မှ
ကျေးရွာနေပြည်သူ တစ်ဦးအား ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
အလားတူ ငွေတောင်အခြေစိုက်
ခမရ (၄၂၇) အနီးရှိ ကင်းပုန်းတစ်ခုအား ဇူလိုင်လ ၆ ရက်တွင် KNDF မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၃ ဦးသေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကာ ယင်းနေ့တွင်ပင် ဘောလခဲ-ရွာသစ် လမ်းမပေါ်ရှိ
ပွန်ချောင်းကူးတံတား ဂိတ်စခန်းတစ်ခုကို KNDF မှ ရှောင်တခင် တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြင်အလှန်
ပစ်ခတ်မှု မိနစ် ၃၀ ခန့်ကြာမြင့်ပြီး စစ်ကာင်စီတပ်ဘက်မှ ထိခိုက်မှုများရှိခဲ့ကြောင်း KNDF သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
.
[ Source/Photo | KNDF ]
.
#KBZTai #8July2022
.
Link –
.