တောင်ကြီးမြို့ရှိ ဆံပင် အလှပြုပြင်ရေးဆိုင်ဖောက်ထွင်း ခိုးယူခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ရှိ ဆံပင် အလှပြုပြင်ရေးဆိုင်ဖောက်ထွင်း ခိုးယူခံရ


တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ အနောက်မြို့ပတ်လမ်းပေါ်ရှိ ဆံပင် အလှပြုပြင်ရေးဆိုင်တွင် ယနေ့ ဇူလိုင်လ ၂၆ ရက်၊ နံနက် အစောပိုင်းက ဖောက်ထွင်း ခိုးယူခံခဲ့ရကြောင်း သိရသည်။

.

ဆိုင်ရှိ CCTV မှတ်တမ်း ကြည့်ရှုမှုအရ ဖောက်ထွင်း ခိုးယူသူများမှာ လူငယ် အမျိုးသား ၂ ဦး ဖြစ်ပြီး နံနက် ၃ နာရီ ဝန်းကျင်ခန့်တွင် ဆိုင်တံခါးသော့အား ဖျက်၍ ခိုးယူသွားခြင်း ဖြစ်ကြောင်း သိရသည်။

 .

" CCTV ပြန်ကြည့်တော့ အသက် ၂၀ အရွယ် ကောင်လေး ၂ ယောက်ပေါ့။ ဆိုင်တံခါးသော့ ဖျက်ပြီး ဝင်ခိုးသွားတာ။ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ တော်တော်များများ ပါသွားတယ်" ဟု ဆိုင်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

.

အဆိုပါ ဖောက်ထွင်း ခိုးယူခံရမှုကြောင့် စုစုပေါင်းတန်ဖိုးငွေ ကျပ် ၁၀ သိန်း ဝန်းကျင်ခန့် ပါသွားသည့်အပြင် အနီးဝန်းကျင်ရှိ စျေးဆိုင်ခန်း အချို့လည်း သော့များ ဖျက်ဆီးခံထားရကြောင်း သိရသည်။

.

တောင်ကြီးမြို့ပေါ်တွင် ခိုးမှု၊ လုယက်မှု၊ ဖောက်ထွင်းမှုသာမက လောင်းကစားမှုများဖြင့် တရားဥပဒေ စိုးမိုးမှု မရှိ ဖြစ်နေသော်လည်း စစ်ကောင်စီ လက်အောက်ခံ ဌာနများက မသိကျိုးကျွံ ပြုလျက် ရှိသည်။

Journal Download

Photo of three cats