ရွာငံမြို့နယ်၊ မိန်းမရဲတောင်အနီးတွင် ပျူစောထီးခေါင်းဆောင်အား တိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွာငံမြို့နယ်၊ မိန်းမရဲတောင်အနီးတွင် ပျူစောထီးခေါင်းဆောင်အား တိုက်ခိုက်

.

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မိန်းမရဲသခင်‌မတောင်အနီး လမ်းမကြီးပေါ်တွင် ပျူစောထီးခေါင်းဆောင် ဝင်းမြင့် စီးနင်းလာသော မော်တော်ယာဉ်အား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဂျိုးဖြူပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန် ထားသည်။

.

.

ပျူစောထီးခေါင်းဆောင် ဝင်းမြင့် စီးနင်းလာသော မော်တော်ယာဉ်အား ဇူလိုင်လ ၁၂ ရက်၊ ညနေ ၅ နာရီခွဲ အချိန်က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဝင်းမြင့်မှာ ဒဏ်ရာရရှိ၍ ၎င်း၏ တပည့် ၂ ဦးမှာ သေဆုံးခဲ့ကြောင်း သိရသည်။

.

အဆိုပါ ပစ်ခတ်မှုကို ဂျိုးဖြူပျောက်ကြားတပ်ဖွဲ့နှင့် အနီရောင်ပရွက်ဆိတ်ပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး ဂျိုးဖြူပြောက်ကျားတပ်ဖွဲ့နှင့် အနီ‌ရောင်ပရွက်ဆိတ် ပြောက်ကျားတပ်ဖွဲ့တို့သည် မဟာမိတ်အဖြစ် အတူ လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

.

#KBZTai #16July2022

.

Link –

.

 

Journal Download

Photo of three cats