.
ကလောမြို့နယ်၊ အောင်ပန်းမြို့၊
လေးအိမ်ကုန်းကျေးရွာတွင် ယမန်နေ့ ဇူလိုင်လ ၁၉ ရက်၊ ညပိုင်းက ပထွေးဖြစ်သူ၏ ရိုက်နှက်မှုကြောင့်
မိန်းကလေးငယ်တစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.အောင်ပန်းမြို့၊ လေးအိမ်ကုန်းကျေးရွာနေ
ဦးထွန်းသည် မယားပါသမီးဖြစ်သူ မထွေးအား ရိုက်နှက်ရာ မိန်းကလေးငယ် မှာ ရရှိဒဏ်ရာများဖြင့်
သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“ရိုက်တဲ့သူက ပထွေးပါ။
အဲဒီလို ရိုက်နေတာတော့ ၂ ရက်လောက်ရှိပြီ။ သူ့မှာလည်း အရင်မိန်းမနဲ့ ကလေးတွေ ရှိတယ်လို့
ပြောပါတယ်။ နောင်စံဖူးရွာကပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။
.
သေဆုံးသူမှာ အသက်
၃၀ ဝန်ကျင်ခန့်ရှိပြီဖြစ်ပြီး ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာအပြင် အခြားဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကာ
ရုပ်အလောင်းအား နာရေးကူညီမှုအသင်းအောင်ပန်းမှ အောင်ပန်းဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး
ယနေ့ ဇူလိုင်လ ၂၀ ရက်၊ ညနေပိုင်းတွင် ပို့ဆောင်သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။
.